အပိုင်း(၂၈)

907 137 2
                                    

     တစ်ခုတည်းသော ဆုတောင်း

..............................

မှိန်ဖျော့ဖျော့ မီးခိုးရောင်မျက်ဆံတို့ဟာ ငြိမ်သက်နေသော မီးတောက်ငယ်ကလေးကဲ့သို့ တည်ငြိမ်လျက် သက်ပြင်းချသံခပ်တိုးတိုးနှင့်အတူ ရှည်လျားကော့ညွတ်သော မျက်တောင်တို့ဟာ မှေးစင်းကျလာသည်။ မျက်လုံးတို့ကို ခနမှိတ်လိုက်ပြီး နောက်ဆုံးတွင်မူ အိမ်ရှေ့စံရှောင်းကျန့်က တိတ်ဆိတ်နေရာမှ စကားတစ်ခွန်းပြောလာတော့သည်။

"အဲ့ဒီတော့ သူ့ရဲ့ကျိန်စာက ပယ်ဖျက်လို့မရဘူးပေါ့"

လုံရန်က ခေါင်းညိမ့်ပြပြီး ပြောသည်။

"ငါပြောခဲ့တဲ့အတိုင်းပဲ... သူက အဲ့ဒီကျိန်စာနဲ့ မွေးဖွားလာတာ... သူ့ရဲ့ဖြစ်တည်မှုကိုက မိစ္ဆာနဲ့နတ်ဆေးဆရာမကြားက ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့
ဖြစ်တည်မှုမျိုး ဖြစ်နေခဲ့တာပဲ"

"အဲ့တာနဲ့ပဲ ကောင်းမှန်းဆိုးမှန်းမသိရသေးခင်အချိန်ကတည်းက သူ့ရဲ့ကံကြမ္မာကို အဲ့ဒီကျိန်စာနဲ့ သတ်မှတ်လိုက်တယ်ပေါ့"

လုံရန်သည် သက်ပြင်းတစ်ချက်ချလိုက်ကာ ဆက်ရှင်းပြလာသည်။

"တကယ်တော့ ကျိန်စာနဲ့မွေးဖွားလာတယ်ဆိုပေမယ့် သူသာအစွန်းတစ်ဖက်ကို ရောက်မသွားခဲ့ရင်
အဲ့ဒီကျိန်စာက အသက်ဝင်လာမှာ မဟုတ်ဘူး...
အဲ့ဒီတစ်ရွာလုံးကို ဖျက်ဆီးသတ်ဖြတ်ပစ်ခဲ့တဲ့အချိန်မှာ သူကကယ်တင်လို့မရနိုင်တော့ဘဲ ကျိန်စာက
စပြီး အသက်ဝင်လာတော့တာပဲ ... ခါးသီးတဲ့အမှန်တရားတစ်ခုကတော့ ဝူအိမ်တော်ရဲ့ဆိုးဝါးတဲ့ကံကြမ္မာနဲ့ သေကြေပျက်စီးမှုတွေက ကျိန်စာရဲ့ အကျိုးဆက်ကြောင့် ... တစ်နည်းအားဖြင့် ဝမ်ရိပေါ်ကြောင့်ပဲ"

ရှောင်းကျန့်၏ ခပ်တင်းတင်းဆုပ်ထားသည့်လက်တို့က ပို၍တင်းလာခဲ့သော်ငြား ဘာမှပြန်မပြောဘဲ တိတ်တဆိတ်ပဲ ဆက်နားထောင်နေခဲ့သည်။ 

"ဝူမိသားစုရဲ့သေဆုံးမှုကြောင့် သူအသိစိတ်လွတ်သွားခဲ့တဲ့ အဲ့ဒီအချိန်မှာ ကျိန်စာက အပြည့်အဝအသက်ဝင်ခဲ့တယ်... သူ့ရဲ့အသက်ကလည်း အဲ့ဒီ23နှစ်အရွယ်မှာပဲ ရပ်တန့်သွားခဲ့ပြီး သူက ဘယ်တော့မှ အိုမင်းသေဆုံးသွားမှာမဟုတ်သလို ဒီလောကမှာရှိတဲ့ ဘယ်လိုလက်နက်မျိုးကမှ သူ့ကိုသေဆုံးစေနိုင်မှာမဟုတ်ဘူး.... ဒါပေမဲ့ အဲ့ဒီအစား သူ့အနားမှာရှိနေတဲ့အရာတွေအားလုံးကတော့ သေဆုံးပျောက်ကွယ်သွားရလိမ့်မယ်... သူပိုပြီးတန်ဖိုးထားရလေ... ကံဆိုးခြင်းတွေနဲ့ သေဆုံးခြင်းကို ဖြစ်ပေါ်စေလေပဲ... အဲ့တာက ကောင်းကင်ဘုံက ပေးတဲ့အပြစ်ဒဏ်မို့ ပယ်ဖျက်လို့လည်းမရဘူး"

Too Late To Hold You (Completed)Tempat cerita menjadi hidup. Temukan sekarang