မှတ်ဥာဏ်တို့၏ အဆုံးသတ်
..............................မျက်စိတစ်မှိတ်အတွင်း အဖြစ်အပျက်များက မြန်ဆန်လွန်းလှ၏။ အမြဲတစေ နွေးထွေးမှုတို့ ပြည့်နှက်လျက်ရှိနေခဲ့ပါသော ဝူအိမ်တော်ဟာ တစ်ရက်၊တစ်မနက်အတွင်း သွေးစွန်းခဲ့ရပြီ။ အသက်ရှင်ကျန်ရစ်သူဟူ၍ ဝူရိပေါ်တစ်ယောက်သာလျှင်။
ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သော်ငြား
နေ့စဉ်နှင့်အမျှ စစ်သည်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသေးသည်။ လမ်းကြိုလမ်းကြားများအကြား
ပုန်းအောင်းနေရကာ စားစရာအနည်းငယ်ရရန်ပင် ခက်ခဲလွန်းလှသည်မို့ တစ်ခါတရံတွင် ရက်ပေါင်းများစွာ အစားမစားခဲ့ရသည့်အခါများလည်း ရှိခဲ့သည်။ အေးစက်လှသည့် ဆောင်းလလယ်တွင် ပါးလွှာသော ဝတ်ရုံခပ်နွမ်းနွမ်းကလေးတစ်ထည်ကိုသာခြုံကာ အေးစက်စက်မြေကြီးပေါ်တွင် ဆာလောင်မွတ်သိပ်စွာဖြင့် လှဲလျောင်းနေခဲ့ရသည့် နေ့ရက်များမှာလည်း မရေတွက်နိုင်လောက်အောင်။
ထိုသို့ ပိုးမွှားသာသာဘဝမျိုး၌ ရှင်သန်ခဲ့ရသည့်နေ့ရက်များတွင် သူဟာ သူ့အားကမ်းလင့်ပေးမည့် လက်တစ်စုံကိုသာ တောင့်တခဲ့သည်ပင်။ သို့သည့်တိုင် မည်သူမျှရှိမနေခဲ့။ အေးစက်နေသည့် မန်ထိုလေးတစ်ဖဲ့ ဝေငှပေးရန်၊ ပါးလွှာသည့်ခြုံထည်လေးတစ်စ လွှမ်းခြုံပေးရန်ပင် မည်သူမျှရှိမနေခဲ့ပါချေ။တဖြည်းဖြည်းဖြင့် ထိုသို့ အသက်ရှင်နေရုံမျှ ဘဝကို
ရွံရှာမုန်းတီးလာခဲ့ရသည်။ သူဟာ အမှန်တကယ်ပင် သေဆုံးသွားချင်မိ၏။ သို့သည့်တိုင် ထိုသို့သေဆုံးသွားပါက ယခုအချိန်ထိ အသက်ရှင်နိုင်ဖို့
ထွက်ပြေးပုန်းရှောင်ကာ စားစရာအနည်းငယ်ရရန်ပင် အမှိုက်တစ်လိုနင်းချေခံ၊ကန်ကျောက်ခံခဲ့ရသည်များက ဘာများအရာရောက်တော့မှာလဲ။ ဒီအတိုင်းသေဆုံးသွား၍ မဖြစ်ပါချေ။နောက်ဆုံးတွင်မူ ရိပေါ်သည် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ပြီး ပုန်ကန်သူတပ်ဖွဲ့ထံ
သွားရောက်ပူးပေါင်းကာ နိုင်လိုမင်းထက်ကျင့်တတ်သည့် မင်းဆက်ကို ဖြုတ်ချနိုင်ရန် ကြိုးပမ်းခဲ့သည်။ ရိပေါ်သည် တိုက်ရေး၊ခိုက်ရေး မကျွမ်းကျင်သော်ငြား အသိပညာနှံ့စပ်ကာ ဖြတ်ထိုးဥာဏ်
အလွန်ကောင်းမွန်သည့်အပြင် စစ်ရေးပရိယာယ်ကြွယ်ဝသူလည်းဖြစ်သည်။ ထိုစဉ်က ရိပေါ်ဟာ အသက်ဆယ့်ကိုးနှစ်အရွယ် လူငယ်ကလေးသာဖြစ်သော်ငြား ရိပေါ်၏စစ်ရေးမဟာဗျူဟာများဟာ စစ်မြေပြင်တွင်အမှန်တကယ်ပင် သက်ရောက်မှုပြင်းထန်ကာ ပြိုင်ဖက်ကင်းအဆင့်ပင်။
STAI LEGGENDO
Too Late To Hold You (Completed)
Fanfictionလူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ် ××××××××××× လူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ်