ကာကွယ်ပေးချင်ခဲ့သူ
............................
နွေးထွေးတဲ့နေရောင်ခြည်ဖြဖြဟာ ပြတင်းတံခါးမှတဆင့် မျက်နှာနုနုပေါ်ကျရောက်လာချိန်တွင် နဂိုဖြူဝင်းသည့်အသားဖွေးဖွေးက ပို၍အရောင်လက်လာသည်။ ခပ်စိပ်စိပ်မျက်တောင်တို့ဟာဖြာကျလျက်ရှိပြီး
ွှိမှိတ်ထားသောမျက်ခွံလေးဟာ လေးလံမို့ဖောင်းနေ၏။ ခပ်စူးစူးနေရောင်ခြည်၏ထွေးပွေ့မှုနှင့်အတူ
တဖျတ်ဖျတ်လှုပ်ခတ်လာကာ နက်မှောင်သော မဟူရာရောင်မျက်ဆံတို့ဟာ ရွေ့လျားလာတော့သည်။
မရှင်းလင်းသေးသည့်အသိအာရုံနှင့်အတူ မျက်လုံးတို့အလုံးစုံပွင့်လာချိန်တွင် မရင်းနှီးသည့် မြင်ကွင်းတစ်ခုက ဆီးကြိုနေ၏။သူမြင်နေရသည်က အဆုံးအစမဲ့သောကောင်းကင်ယံမဟုတ်။ နွေးထွေးသောအခန်းကျယ်ကြီးတစ်ခုဖြစ်ပြီး ဆီးနှင်းလွှာတို့် ဖုံးအုပ်မနေသလို အေးစက်မှုတို့လည်း ရှိမနေပါချေ။ ထို့အပြင် သူ့ကိုယ်ပေါ်တွင် စောင်ထူထူတစ်ထည်ပင် လွှမ်းခြုံထားပါသေးသည်။
သူ့ရဲ့စိတ်အာရုံဟာ ရှုပ်ထွေးနေခဲ့ပြီး မှတ်ဥာဏ်တို့ဟာလည်း ဗလာကျင်းနေခဲ့သည်။ တောက်လောင်နေသောမီးစများနှင့် သွေးနီနီများ... ထိုဝိုးတဝါးမြင်ကွင်းများကလွဲ၍ အခြားဘာကိုမှ သူမမှတ်မိ။
ရုတ်တရက် တံခါးဖွင့်သံနှင့်အတူ မရင်းနှီးသည့်အသံတစ်သံက ထွက်ပေါ်လာ၏။ လူသံများကို
ကြားသည်နှင့်တပြိုင်နက် လှဲနေရာမှ ဆတ်ခနဲထထိုင်လိုက်ကာ ဒူးနှစ်ဖက်ထောင်ရင်း လက်ဖြင့်
ဦးခေါင်းကို အုပ်ထားမိလိုက်သည်။ထူးဆန်းတာက သူ့ရဲ့ဦးခေါင်းက မနာတော့ဘူး။ သွေးတွေလည်း ရှိမနေတော့ဘူး။ အဲ့ဒီအစား ပတ်တီးဖြူဖြူတစ်စက သူ့ရဲ့ဆံသားညိုညိုတွေထဲမှာ နေရာယူနေသည်။
တစ်စတစ်စနီးကပ်လာတဲ့လူသံတွေနဲ့အတူ တစ်စုံတစ်ယောက်က သူ့ရှေ့မှာလာရပ်လိုက်သည်ကို
သူခံစားမိလိုက်သည်။ သို့သော် သူမော့မကြည့်ရဲပါချေ။ဖဲသားမွေ့ယာရဲ့ထောင့်စွန်းတစ်ဖက်က အိခနဲနစ်ဝင်သွားသည်မို့ ထိုသူကရပ်နေရာမှ ဝင်ထိုင်လိုက်ပုံရသည်။ ထို့်နောက် လေပြည်ကလေးလို ငြင်သာတိုးဖျော့သော အသံကလေးက ထွက်ပေါ်လာသည်။
BẠN ĐANG ĐỌC
Too Late To Hold You (Completed)
Fanfictionလူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ် ××××××××××× လူ့လောကကြီးကရက်စက်ယုတ်မာပြီးညစ်ညမ်းလွန်းတယ်..... ကိုယ်မင်းအတွက် လောကအသစ်တစ်ခုကို ဖန်တီးပေးမယ်