28

4.5K 370 4
                                    

Unicode

ရင်ထဲမှာတင်းကြပ်နေသောအစိုင်အခဲတစ်ခု ချေဖျက်သွားသလို စိတ်အနည်းငယ်ပေါ့ပါးသွားသည်။
ကျွန်တော်သတ္တိမကြောင်တော့ဘူး အရာရာကိုရင်ဆိုင်မယ်။ ဘယ်လောက်ထိခက်ခဲနေပါစေရင်ဆိုင်မယ် ဒါဟာ Taehyungအတွက်။
တစ်နေ့မှာတော့ Taehyungသူ့ကိုပြန်ချစ်လာမယ်လို့ယုံကြည်တယ်။
အဲ့ခါကျရင်တော့ ကျွန်တော့်အချစ်တွေနဲ့ Taehyungရဲ့နေ့ရက်တိုင်းကိုပျော်ရွှင်အောင်လုပ်ပေးမယ်။

"သား.."

"အမေ သားတောင်းပန်ပါတယ်နော်
ကျေးဇူးလဲတင်ပါတယ် အခုလိုနားလည်ပေးတာကို"

"မလိုပါဘူးကွယ် အခုသားရဲ့သူဌေးကိုသွားတွေ့လိုက်အုံး"

"ဟုတ်ကဲ့ အမေ သားအရင်ကအကြောင်းတွေကိုတော့အပြန်လာကျရင်သေချာပြောပြမယ်နော်"

"အင်းပါ သား သူဌေးကို စကားကောင်းကောင်းပြောရမယ်နော် စိတ်လိုက်မာန်ပါမလုပ်နဲ့ အမေ့ရဲ့သားလေးကလိမ်မာပါတယ်"

"ဟုတ်ကဲ့စိတ်ချပါဗျာ ဒါဆို သားသွားပြီနော်"

"အင်းအင်း"

ရုံးခန်းထဲရောက်တော့ သူဌေးဟာသူ့ကိုတွေ့သည်နှင့်..

"လာ ထိုင်"

"အခုလိုလုပ်လိုက်ရတာအတွက်တောင်းပန်ပါတယ်သူဌေး"

"မဟုတ်တာပဲ မင်းတို့လူငယ်တွေရဲ့ချစ်ခြင်းတွေပဲကို ငါကတော့ဘာမှမပြောလိုတော့ပါဘူး တစ်ခုပဲ.. မင်းFanတွေကိုတော့ Liveလွှင့်ပြီးဖြစ်ဖြစ်သေချာလေးရှင်းပြလိုက်ပါ ငါပြောတာသဘောပေါက်တယ်မလား အခုကိစ္စက သေးသေးလေးလဲမဟုတ်လို့လေ"

"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်
အခုလိုမျိုးတွေးပေးတဲ့အတွက်လဲ ကျေးဇူးပါသူဌေး"

"ရှေ့ဆက်ဖြစ်လာမယ့်အရာတွေက ကောင်းမလား ဆိုးမလားမသိတာမို့ စိတ်ကိုပြင်ဆင်ထား ငါလဲအတတ်နိုင်ဆုံးဖြေရှင်းပေးမယ်"

"ဟုတ် ကျွန်တော်ပြင်ဆင်ထားပါတယ် အဆိုးဆုံးအခြေအနေထိလဲတွေးထားပါတယ်"

"အေအေ မင်းချစ်ရသူနဲ့လဲအမြန်ဆုံးပြန်အဆင်ပြေပါစေကွာ"

"အဲ့ဆုတော့တကယ်ပြည့်ချင်ပါတယ်"

𝕯𝖊𝖈𝖊𝖒𝖇𝖊𝖗 𝕷𝖔𝖛𝖊 [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ