Unicode
ဒီနှစ်ဆောင်းရဲ့ပထမဆုံးနှင်းသည်လှပစွာကျဆင်းလာခဲ့သည်။
အေးချမ်းလှသောရာသီဥတုအား အန်တုနိုင်ရန် လက်နှစ်ဖက်အားအင်္ကျီအိတ်ကပ်ထဲသို့ထည့်ကာ ခေါင်းစွပ်စွပ်လိုက်သည်။
ဒီနေ့ကအချိန်ပိုင်းအလုပ်စဆင်းရမယ့်ပထမဆုံးနေ့လေ။*ဟယ်လို အမေ.. ထမင်းစားပြီးပြီလား*
*စားပြီးပြီ သားရော စားပြီးပြီလား*
*သားကအခုမှအချိန်ပိုင်းအလုပ်ကိုရောက်တာ ထမင်းဗူးဝယ်စားလိုက်မယ်*
*နွေးနွေးထွေးထွေးဝတ်ထားရဲ့လား နှင်းတွေကျပြီး အေးလဲအေးနေပြီ အပြန်ကျသတိထားလာနော်*
*ဟုတ်ကဲ့ ဝတ်ထားပါတယ် အမေလဲနွေးနွေးထွေးနေအုံးနော် ဒါဆိုသားဖုန်းချလိုက်တော့မယ်*
*ဟုတ်ပါပြီ*
နှင်းတဖွဲဖွဲကျဆင်းနေသောလမ်းထက်၌ လှုပ်ရှားသွားလာသူတစ်ယောက်စ နှစ်ယောက်စသာရှိသည်။
အချိန်က၆နာရီခွဲလောက်သာရှိသေးပေမယ့် ရာသီဥတုအေးလို့အပြင်သိပ်မထွက်ကြဘူးထင်ပါသည်။
အခုချိန် သူရော အဆင်ပြေနေလား၊ အအေးမိလွယ်သောသူ အခုချိန်ဆိုဖျားနေလောက်မလား။အရင်အချိန်တွေက သူဖျားရင်တောင်ဂရုစိုက်မှုကိုမပြမိသလို ဆေးထိုးဆေးသောက်ဖို့သာပြောခဲ့သည်။
နောင်တတွေတသီကြီးနဲ့ အခုချိန်ပြုစုပေးချင်ရင်တောင် ကျွန်တော့်မှာလုပ်ပေးနိုင်စွမ်းမရှိ။
သူရှိနေသောနေရာတောင်ကျွန်တော်မှမသိတာပဲလေ။ကျွန်တော်သူ့အပေါ်အရမ်းဆိုးခဲ့တာပဲ။
ကိုယ့်ကိုယ်ကိုစိတ်ပျက်ခြင်းတွေသာ အစုလိုက်အပြုံလိုက်။
ငါဘာလို့များ ငါ့အပေါ်ဒီလောက်ချစ်ပေးတဲ့သူကို လက်လွှတ်ခံမိရတာလဲ။
ငါဘာလို့များ ငါ့စိတ်ကိုငါပြန်မသိနိုင်ရတာလဲ။
အပြစ်ဒဏ်ကြီးမားတော့ အလွမ်းဒဏ်ကမြင့်မားတယ်၊ သတိရလွန်းလို့ ရင်ထဲကနာကျင်နေရပြီ။
သိပ်ချစ်ပါတယ် Taehyungရယ်။***
နှာတချေချေနဲ့ခေါင်းတွေကလဲအုံခဲလို့။
အအေးလေးမမိလိုက်နဲ့ ဖျားပြီ။
Kim Taehyungတို့သိပ်ကိုနုယွနေတာပဲ။
တစ်ယောက်တည်းဆိုတော့ အနည်းငယ်တော့စိတ်အားငယ်နေမိသည်၊ ဆေးခန်းတော့ရောက်အောင်သွားမှပါလေ။