11

4.4K 480 10
                                    

Unicode

ကျွန်တော်နဲ့ Jungkookလက်ထပ်ထားတာ၅လရှိပြီ။
သူကျွန်တော့်အပေါ်ဘာမှမပြောင်းလဲခဲ့ပါ။
ဟိုတစ်ယောက်နှင့်တော့ အတော်ကိုခင်မင်နေလေပြီ။
Jungkookအချစ်ကိုရဖို့ ကျွန်တော်ဘာလုပ်ရမလဲ။

"Jungkook ဘယ်သွားမို့လဲ"

"Hyungဆီ"

"ဒီနေ့ကစနေနေ့ကြီးလေ ဘာလို့လဲ"

"Hyungကိုစာရင်းတွေကူလုပ်ပေးရမယ်
သွားပြီ"

ပထမနှစ်ပြီးလို့ကျောင်းပိတ်နေခြင်းပင်။
ကျောင်းတက်နေစဥ်က တစ်ပတ်၂ရက်ဟိုလူ့ဆီအလုပ်သွားလုပ်ရပေမယ့် အခုကျောင်းပိတ်နေတော့ ပုံမှန်အလုပ်ဆင်းရသည်။
ကျွန်တော်လဲ ဖေဖေ့ကုမ္ပဏီ၌ဝင်ရောက်လေ့လာနေလေပြီ၊ Jungkookနဲ့တွေ့ချိန်ဟာ ညအိပ်ချိန်နဲ့မနက်နိုးတဲ့အချိန်လေးသာ။
တစ်ခါတလေ စနေ၊ တနင်္ဂနွေပါ Jungkookကိုခေါ်ကာအလုပ်ကူလုပ်ခိုင်းသည်လေတဲ့။
တွေ့ချိန်လေးဟာ ဒီပိတ်ရက်၂ရက်တွင်သာအပြည့်အဝရှိတာကို။

အတွေးထဲဝင်လာတာက မနက်စာ။

"Jungkook! မနက်စာမစားတော့ဘူးလား"

"Hyungကအတူစားဖို့ပြောထားတယ်
ငါသွားပြီ"

"အော် အင်း"

*ဟူးး Taehyung မင်းချစ်နေရင်စိတ်ရှည်ရမယ်လေ Jungkookတစ်နေ့တော့ငါ့ကိုပြန်ချစ်မှာပါ*

***

*ဟယ်လို ပြောNamjoon*

*ငါသိတယ်*

*အင်း သူအလုပ်ကူလုပ်ပေးရမှာမို့တဲ့*

*အေးး ငါလဲမသိတော့ပါဘူးကွာ
တစ်ပတ်လုံးတွေ့ချိန်ကနည်း*

*ဟုတ်သားပဲငါမေ့နေတာ
အင်း ငါလာခဲ့မယ်*

Jungkookကို Yugyeomနှင့်လှမ်းတွေ့လိုက်သည်မို့ဖုန်းဆက်ကာလှမ်းပြောခြင်း။
အမြဲတမ်းအတွေးထဲမှာ Jungkookသာစိုးမိုးနေလို့ Seokjinရဲ့မွေးနေ့ကိုတောင်သတိမရ။
မွေးနေ့တွေဆို အကုန်စုပြီးကျင်းပတတ်သောကျွန်တော်တို့ထုံးစံအရ အခုလဲသွားရပေမည်ပေါ့။

***

"ဘယ်သူလဲ"

"Taehyungဆီကပါ သူSeokjinရဲ့မွေးနေ့သွားမို့ဆိုပြီး Messageလှမ်းပို့တာ"

𝕯𝖊𝖈𝖊𝖒𝖇𝖊𝖗 𝕷𝖔𝖛𝖊 [Completed]Tempat cerita menjadi hidup. Temukan sekarang