Unicode
"Jungkook ငါတို့နှစ်ယောက်အတူတူတစ်ခန်းအဆင်ပြေလား"
"မပြေလဲပြေရမှာပဲ မင်းအိမ်မှာငါနေနေတာပဲကို"
"အဲ့လိုကြီးတော့မဟုတ်ဘူးလေကွာ
လက်ထပ်ထားပြီးပြီပဲ မင်းလဲပိုင်ပါတယ်""ငါရေချိုးလိုက်အုံးမယ်"
"အင်းအင်း"
Taehyungရဲ့ညှိုးငယ်နေသောမျက်နှာဟာ ကျွန်တော့်ကိုဘာခံစားမှုမှမပေးစွမ်းနိုင်ပါ။
သူ့ဘက်ကချစ်နေလျှင်တောင် ကျွန်တော်သူ့ကိုမချစ်ပါ။ဘဝမှာအဆင်မပြေမှုကြုံလာချိန် အားပေးဖေးမသူနဲ့တွေ့ခဲ့လျှင်၊ ကမ်းလက်တစ်စုံဟာ အားဖြစ်ခဲ့လျှင် ထိုလူသားအားမှီခိုချင်လာသည်။
အနေနီးတာကြာလျှင်သံယောဇဥ်ဖြစ်လာမည်။
ဘယ်သူ့ကိုမှ စိတ်ဝင်စားဟန်မပြခဲ့ပါ၊ ဘယ်သူ့ကိုမှလဲရင်မခုန်ဖူးပါ မချစ်ဖူးပါ။
ဒါပေမယ့်..
ကျွန်တော် ရင်ခုန်ခဲ့ ချစ်ခဲ့တဲ့
ကျွန်တော့ရဲ့အားဖြစ်ခဲ့တဲ့အလင်းရောင်လေး Jimin
, ကျွန်တော်သူ့ကိုသိပ်ချစ်တယ်။ဖွင့်ပြောဖို့ရာ အချိန်ယူအားမွေးနေခဲ့တာ၊ ဖွင့်ပြောလိုက်ရင်ပြန်ချစ်လာမှာလား အငြင်းခံရမှာလားဆိုတဲ့ အသိကလွန်ဆွဲနေလို့ ချီတုံချတုံဖြစ်နေခဲ့ပြီး သတ္တိကြောင်နေခဲ့တယ်။
အငြင်းခံရမှာထက် ဒီတိုင်းလေးခင်မင်နေရတာကပိုကောင်းတယ်လို့လဲစဥ်းစားမိပြန်သေးတယ်။အခုတော့ အရာရာဟာအချိန်နှောင်းသွားခဲ့သည်။
မချစ်တဲ့သူနဲ့လက်ထပ်လိုက်ရတဲ့အပြင် တစ်အိမ်ထဲပါအတူနေနေရလေသည်။
ရေပန်းအောက်မှာနေနေရင်းက ထိုရေတွေနှင့်အတူ မျက်ရည်တွေပါပါသွားခဲ့သည်။ဒေါက် ဒေါက်*
"Jungkook ကြာနေပြီနော် အအေးပတ်အုံးမယ်"
ကျစ်! တကယ်စိတ်ရှုပ်စရာပဲ။
အမြန်လက်စသတ်လိုက်ကာ တဘတ်တထည်ယူပတ်လိုက်ပြီး ရေချိုးခန်းထဲကထွက်လာလိုက်သည်။
"ငါရေချိုးလိုက်အုံးမယ်"
"ချိုးလေ"
Taehyungရေချိုးပြီးတော့ အချိန်အားဖြင့်၆နာရီ၊ အိမ်ရှေ့တံခါးဘဲလ်သံကြားလိုက်ချိန်.. ဒါဟိုကောင်တွေပဲနေမယ်။