8

4.5K 520 15
                                    

Unicode

"အာ့ ကျွတ်!"

"နိုးပြီလား Jungkook အောက်မှာအမူးပြေဟင်းချိုချက်ထားတယ်
ထမင်းနဲ့ဟင်းလဲပြင်ပြီးပြီ စားလိုက်နော် ငါအတန်းရှိလို့သွားပြီ"

ဘာမှပြန်မပြောပဲ တစ်ချက်သာလှမ်းကြည့်လေသည်။
ခေါင်းအတော်မကြည်ဖြစ်နေသည်ထင်၊ ညကလဲအတော်လေးသောက်ထားတာကိုး။
မဖြစ်သေးပါဘူးလေ။
အောက်ထပ်ကိုပျားသံပုရာရည်ဖျော်ပေးရန်အဆင်း လှေကား၂ထစ်လောက်ကျန်သောအခါမှ ခြေချော်ကာခေါက်သွားလေသည်။

"အာ့! သေပါပြီ"

Jungkook ခေါင်းကိုက်နေသည်ဆိုသောအသိကြောင့်
ကုန်းရုန်းထကာ ခြေကျင်းဝတ်ကနာနေတာလဲသတိမထားနိုင်။
အပေါ်ကိုအမြန်ပြန်တက်လိုက်ပြီး..

"Jungkook"

"ဘာလဲကွာ ခေါင်းကိုက်ရတဲ့ထဲ"

"ဒီမှာ ပျားသံပုရာရည်လို့
သောက်လိုက်နော် နောက်ကျနေပြီမို့ငါသွားပြီ"

ခြေထောက်ထော့နဲ့နဲ့နှင့်ထွက်သွားတာကို မြင်သော်လည်း ဘာဖြစ်တာလဲလို့မမေးချင်။
မေးချင်စိတ်လဲမရှိပါ။
စောနကတောင်အကောင်းကြီးကို အခုကျမှ ထော့နဲ့ထော့နဲ့,နဲ့။

"Taehyung ခြေထောက်ကဘာဖြစ်တာတုန်း"

"လှေကားကနေအဆင်း ခြေခေါက်သွားလို့ကွာ"

"ဆေးခန်းမပြခဲ့ဘူးလား"

"ရပါတယ် ဒီလောက်က
အပြန်ကျမှပြတော့မယ် အတန်းချိန်ကနောက်ကျနေပြီ"

"လာလာ ငါ့ကိုတွဲ
အထူးအဆန်းတွေ Taehyungရာ ဘယ်တုန်းကများ အတန်းချိန်တစ်ချိန်ပြည့်အောင်တက်ဖူးလို့လဲ"

"အရင်နဲ့အခုကမတူတော့ဘူးလေ Hoseokရဲ့
ငါစာကြိုးစားမှဖြစ်မယ် ငါ့အဖေ Companyမှာလဲ ငါအကူအညီဖြစ်အောင်လုပ်ရမယ်"

"ဟေ! မင်းပြောတော့ Photographerလုပ်မယ်ဆို
Companyကိစ္စတွေ Noပါဆို"

"ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပိုစဥ်းစားရတော့မယ်လေ Jungkookအတွက်လဲအကူအညီရအောင်
မင်းမတက်ရင်လစ်တော့လေ ငါ့ကို၁၂ခွဲမှလာခေါ်လှည့်"

"၁၁ခွဲရင်အတန်းလာတက်မယ်
သွားပြီ"

"အေး"

𝕯𝖊𝖈𝖊𝖒𝖇𝖊𝖗 𝕷𝖔𝖛𝖊 [Completed]Onde histórias criam vida. Descubra agora