Unicode
Tae ဘွဲ့ယူမယ့်နေ့လေး။
ကျွန်တော်ကတော့ သူ့ရဲ့ Photographerပေါ့။တောက်ပသောအပြုံးတွေနှင့် Tae။
ဒီအလှတရားကိုစောစောကသာသိခဲ့မယ်ဆိုရင်..
အို ပြန်မတွေးတော့ဘူး အခုချိန်မှာ Taeကိုအချစ်တွေပေးပြီး ဒီအပြုံးလေးကိုအမြဲကြည့်ခွင့်ရှိတယ်၊ အပြုံးလေးတည်မြဲနေဖို့က ကျွန်တော့်တာဝန်ပဲ။"Jungkook! "
နှုတ်ခမ်းလေးဆူကာ ဆောင့်အောင့်အောင့်အသံလေးနှင့်ခေါ်လာတာကြောင့် ကျွန်တော့်ချစ်ရသူလေးဘာတွေအလိုမကျသည်မသိ။
"ဘာဖြစ်လို့လဲ Tae ဘာလို့နှုတ်ခမ်းကဆူနေရတာတုန်း"
"ခေါ်နေတာကြာပြီလေ ပြုံးပြုံးကြီးနဲ့ဘယ်သူ့အကြောင်းတွေးနေတာလဲ Jungkookနော်.. မင်းမဟုတ်တာလုပ်ရင် ငါမင်းကိုအရှင်မထားဘူး"
ဟောဗျာ ဒါလေးကကျွန်တော့်ကိုသဝန်တိုနေသည်ပဲ။
ချစ်ရသူလေးဟာ သဝန်တိုနေချိန်တောင်ချစ်ဖို့ကောင်းလွန်းနေသည်။"ဟာာ ဘာလို့ပြုံးနေသေးတာလဲ ငါစိတ်ဆိုးလာပြီနော်!"
"ဆူပုတ်ကလေးကလဲ ကိုယ်ကဘယ်သူ့အကြောင်းတွေးရမှာလဲ ဟောဒီက အရမ်းကိုချစ်ဖို့ကောင်းတဲ့ကောင်လေးအကြောင်းတွေးနေတာပေါ့ ကိုယ့်မှာတခြားတွေးစရာဘာရှိမှာလဲ
အချိန်တိုင်း ကိုယ့်အတွေးတွေထဲ Taeကစိုးမိုးနေတာကို""အလျှောက်ကောင်းလို့ အထောင်းသက်သာသွားတယ်မှတ်နော် "
မျက်စောင်းကထိုးလိုက်သေးတာ။
ဒီကောင်လေးကွာ ပြုစားရက်တယ်။"လာာ ပုံရိုက်ပေးအုံး
Bogum Hyungရောက်နေပြီ"ချက်ချင်းမျက်နှာကြီးဆူပုတ်သွားပြန်တာကJungkook, အူတ်ိုတာကလဲလွန်ပါရောပဲ။
"မောင်ကလဲ.. Tae အစ်ကိုလိုပဲကို မောင်သိရဲ့သားနဲ့ အမှတ်တရဓာတ်ပုံလေးရိုက်မှာပဲကို နော်..."
ပျော့ကွက်သိသောအမောင် Taeဟာ သူလိုချင်တာလေးရှိပြီဆို မောင်ဟုခေါ်ကာချွဲတတ်သေးတာ။
Jeon Jungkookတို့ခံနိုင်ရိုးလားဗျ တစ်ခါတည်းအရည်ပျော်ကျသွားတာပါပဲ။