Unicode
ကျောင်းပြီးဖို့ တစ်နှစ်ပဲကျန်တော့သည်။
နောက်ဆုံးနှစ်မို့ပိုကြိုးစားရပေမည်၊ ကျောင်းပြောင်းတာတွေလုပ်လာခဲ့ပြီး ဒီနေ့ကျောင်းသွားရမည်ပေါ့။"အမေ သားသွားတော့မယ်နော်"
"အင်း ဂရုစိုက်သွား"
"အမေလဲဂရုစိုက်နော် တစ်ခုခုဆိုတာနဲ့ချက်ချင်းဖုန်းလှမ်းဆက်နော်"
"စိတ်ချပါ သွားသွား"
"ဟုတ် သားသွားပြီ"
ဒီတစ်နှစ်ပဲ ဒီတစ်နှစ်ကြိုးစားပြီးတာနဲ့ ငါဖြစ်ချင်တဲ့အရာကိုဖြစ်အောင်လုပ်မယ်။
အမေ့ကိုလဲတင့်တင့်တယ်တယ်ထားမယ်။
နောက်ပြီးရင်တော့ Taehyungကိုတွေ့ကာ တောင်းပန်မည်။အထွေအထူးအခက်အခဲတော့မဖြစ်ပါ။
မရောက်တာကြာပြီဖြစ်တဲ့ ကျောင်းအားလှည့်လည်ကြည့်ဖြစ်သည်
တစ်ချိန်ကအကြောင်းတွေဟာ ပြန်တွေးဖို့ရ အမှတ်တရကောင်းမဟုတ်ပေမယ့် အမှတ်တော့ရနေသေးသည်။
ဒါကလဲသင်ခန်းစာတစ်ခုပေပဲလေ။"Ji Min ?"
"ဟာ! Jungkook!
ဘယ်တုန်းကပြန်ရောက်နေတာလဲ""တစ်နေ့ကမှပါ နေကောင်းတယ်မလား"
"ကောင်းတာပေါ့ကွ
မင်းလဲနော် အဆက်အသွယ်ကိုမလုပ်ဘူး""ငါ့ဖုန်းကပျောက်သွားလို့ကွ"
"အော် အေ့ပါ
မင်းပြန်ရောက်တာ ဟိုကောင်တွေလဲမသိဘူးမလား""အင်း"
"ငါသူတို့ဆီသွားမှာလေ လိုက်ခဲ့မလား"
"တော်ပါပြီ မင်းပဲသွားပါ"
"ဘာလို့လဲ လိုက်ခဲ့လေကွာ
သူငယ်ချင်းတွေမဆုံတာကြာပြီကို""နောက်မှတွေ့တာပေါ့ သွားပါ"
"အေအေ ပြီးရော
မင်းပြန်ရောက်နေတဲ့အကြောင်း ငါပြောထားလိုက်မယ်
ဒါနဲ့.. အတန်းသွားတက်မှာလား""အင်း တက်မှာလေ"
"ကြိုးစားနေလိုက်တာ ဒီနေ့မှပထမဆုံးရက်ကြီးကို"
"တစ်နှစ်ပဲကျန်တော့တာလေ ကြိုးစားရမယ်"
"အေ့ပါ ငါ့ကိုစာတွေပြန်ပြောပြအုံးနော် ငါကတော့မနက်ဖြန်မှပဲတက်တော့မယ်"