Unicode
Taehyungရဲ့ဝမ်းပန်းတသာအသံကြီးဟာ သူ့အတွက်တော့ ငှက်ဆိုးထိုးသံလိုပင်။
သူဘာကြောင့်ဒီလိုလုပ်လဲမသိ၊ ဘာကြောင့်ကျွန်တော့်ကိုလက်ထပ်ချင်ရတာလဲ။အကူအညီကိုလဲလက်ခံပြီးပြီဆိုတော့ သူပြောသလို မနက်ဖြန်ဘုရားကျောင်းမှာ လက်ထပ်ရတော့မှာပေါ့။
ချစ်ရမဲ့သူရှိနေတာကို မနီးစပ်ခင် ဝေးကွာခဲ့ရပြီ။***
အခုချိန် ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားကိုပြပါဆိုလျှင် ကျွန်တော်ဖြစ်နေနိုင်သည်။
Jungkookလက်ခံမည်လို့ထင်မထား၊ ယုံကြည်မှုက 50 - 50ဖြစ်နေတဲ့အချိန်မှာ ဖုန်းဝင်လာခဲ့သည်။အကူအညီကိုလက်ခံမယ်တဲ့။
နောက်ဆုံးတော့ ကျွန်တော့ဆန္ဒတွေပြည့်ခဲ့ပြီ။ဖေဖေကတော့ ဘာကိုမှမပိတ်ပင်။
မပိတ်ပင်ဆို ကျွန်တော် Jungkookအကြောင်းပြောတုန်းက အရမ်းကိုအံ့သြနေခဲ့တာ၊ ကျွန်တော့်ပါးစပ်က လူတစ်ယောက်ကို ချစ်တယ်လို့ပြောတာကိုဖေဖေကမယုံနိုင်။ ဒီအရွယ်ထိရည်းစားလဲမထားခဲ့ပဲကိုး၊ ဖေဖေကတောင်ရည်းစားထားဖို့ပြောယူရတဲ့အထိ။Jungkook ဖုန်းဆက်ပြီးတော့ ဖေဖေလဲကုပ္မဏီကပြန်ရောက်နေပြီမို့ ဖေဖေ့အားပြောပြလိုက်သည်။
ဖေဖေကမေးတယ် "သားကို Jungkookကချစ်လား" တဲ့။ကျွန်တော်ပြုံးလိုက်မိကာ ခေါင်းအသာယမ်းပြလိုက်သည်။ ဘယ်ချစ်ပါ့မလဲ သူ့မှာမတတ်သာလို့အကူအညီယူလိုက်ရတာကို။
"သားပျော်ရွှင်နိုင်ပါ့မလား
သားကိုမချစ်တဲ့သူကိုအနားထားထားတာ""သားသူ့ကိုချစ်တယ်ဖေဖေ ပိုင်ဆိုင်ချင်တယ်
အနေကြာရင်သားကိုပြန်ချစ်လာမှာပါ""အဲ့လိုဖြစ်ရင်လဲကောင်းတာပေါ့
မနက်ဖြန်မင်္ဂလာပွဲလုပ်မယ်ပေါ့""ဟုတ်ကဲ့"
"မမြန်လွန်းဘူးလား ဘာမှတောင်မစီစဥ်ရသေးဘူး"
"အင်းး ဟုတ်တော့ဟုတ်သားနော် ဘာမှမစီစဥ်ရသေးဘူးပဲ သဘက်ခါမှပဲဆောင်တာပေါ့"
"ဘုရားကျောင်းမှာပဲဆောင်မှာလား သေချာလား"
"အင်းး အဲ့မှာပဲဆောင်မယ် ဟိုးလေးတကျော်ကြီးလဲမလုပ်ချင်ဘူး Jungkookလဲသဘောကျမှာမဟုတ်ဘူး"