25

4.9K 421 24
                                    

Unicode

လက်လျှော့ပြီး ယုံကြည်မှုပျောက်ဆုံးနေသည်ဟာကျွန်တော်မလုပ်သင့်ဆုံးအရာ။
ထပ်ပြီးဆုံးရှုံးရမည် ဝေးကွာရမည်ဆိုတာကိုတွေးကြည့်လိုက်လျှင် ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်တဲ့နေ့ရက်တွေလဲဗျာ။
ဒါကြောင့် ကျွန်တော်ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှကြိုးစားကာ Taehyungကိုဂရုစိုက်ကြင်နာပေးပြီး သူ့စိတ်ကိုရအောင်ယူရမည်။

မနက်စာအတွက် နို့ပူပူလေးနဲ့ကိတ်လေးဝယ်ကာ Taehyungတိုက်အောက်၌စောင့်နေလိုက်သည်။
ခဏကြာတော့ ကျောင်းသွားရန်အပြတ်ရွှိုင်းထားသောသူဟာထွက်လာလေသည်။
ကျွန်တော့်ကိုမြင်တော့အနည်းငယ်အံ့သြသွားဟန်၊ နောက်တော့ မသိဟန်ဆောင်ကာ Taxiစောင့်နေလေသည်။

Taehyungအနားသို့သွားလိုက်ပြီး လက်ထဲကိုမနက်စာအထုပ်အတင်းထည့်ပေးခဲ့ကာ ထိုနေရာမှအမြန်ထွက်လာလိုက်သည်။
စားတာမစားတာကတော့ Taehyungရဲ့အပိုင်းပဲလေ။

**

"Baby ရောက်လာပြီပေါ့
ဝိုးး မနက်စာတွေဘာတွေဝယ်လာလို့ပါလား ကိုယ့်အတွက်လားအချစ်"

"စားချင်စားလေ လမ်းကကောက်လာတာ"

"အချစ်ကောက်လာပေးတာပဲ စားရမှာပေါ့ Thank you baby"

အထုပ်ကိုယူသွားပြီး နေရာ၌ထိုင်ကာ စားရန်ပြင်နေသောJakeကိုကြည့်ကာ နောက်ဆုံးမှာတော့..

"ဟျောင့်! ခဏနေအုံး"

"ဘာဖြစ်လို့လဲ"

"ပေးပေး ငါဗိုက်ဆာလို့"

"ပြောတော့ငါ့အတွက်ဆို"

"မင်းအတွက်လို့လဲငါမပြောမိပါဘူး ကောက်လာတာလို့ပြောတာပါ"

"စားချင်စားဆို"

"အဲ့တာခုနက အခုမစားတော့နဲ့"

"Kim Taehyung အကျင့်ပုပ်"

"ဝယ်ကျွေးမယ် ဘာစားချင်လဲ"

"တော်ပါပြီ"

"စိတ်မဆိုးပါနဲ့ကွာ ငါဗိုက်တအားဆာလာလို့ပါ"

"ချက်ချင်းကြီး.. စားရမယ့်ပါးစပ်တောင်ရှက်တယ်"

"အဲ့တာကြောင့်ဝယ်ကျွေးမယ်ဆို"

𝕯𝖊𝖈𝖊𝖒𝖇𝖊𝖗 𝕷𝖔𝖛𝖊 [Completed]Donde viven las historias. Descúbrelo ahora