Unicode
Busပေါ်ရှိကောင်လေးရဲ့ကျန်ရှိခဲ့သောနေ့ရက်တွေရဲ့အတွေးစတစ်ချို့။
အယောင်ယောင်အမှားမှားနဲ့အလုပ်လုပ်ရာတွင်အဆင်မပြေလှပါ။
24hrဖွင့်သောစတိုး၌ ကျောင်းတက်ရင်းကအချိန်ပိုင်းအလုပ်ကိုလုပ်သည်။
အလွမ်းဆိုတဲ့အရာကိုသိမြင်လာတဲ့အခါ ပုံစံတူလေးမြင်မိလာရင်လဲသူလို့သာမှတ်ထင်နေမိတယ်။
အရူးလိုအနောက်ကပြေးလိုက်မိတယ်။
ထိုကဲ့သို့သောလုပ်ရပ်ကြောင့် အချိန်ပိုင်းအလုပ်တွေပြုတ်ခဲ့ရတာလဲမနည်းပါ။နေ့ရက်တိုင်းကိုသူ့စိတ်နဲ့အားတင်းကာရှေ့ဆက်ခဲ့တယ်။
သူ့ကိုအဲ့နေ့ညကပြောခဲ့မိတာတွေအတွက်နောင်တရလို့မဆုံးပါ။
အဲ့နေ့ကAnniနေ့ဆိုတာလဲမမေ့ပါ ဒါပေမယ့်.. အဲ့နေ့က Yugyeomနဲ့အဆင်မပြေပါ၊ စိတ်ရှုပ်ထွေးစရာအခြေအနေသာဖြစ်ခဲ့သည်။စကားစရှာမရတဲ့အနေအထားမှာ လက်ကောက်နဲ့စတင်ခဲ့တယ်။
မုန်တိုင်းအနည်းငယ်ဝင်နေသောစိတ်ထဲ သူ့အားဒေါသပုံချခဲ့မိတယ်။
Yugyeomစကားတွေကိုကြားယောင်ပြီးပေါ့။ဒါပေမယ့်လေ ကျွန်တော်ချစ်ခဲ့ရတဲ့ Jiminကပေးတယ်ဆိုတဲ့အသိထက် ကျွန်တော့်သူငယ်ချင်းပေးထားတဲ့ တန်ဖိုးထားရတဲ့အရာဆိုသောအသိသာ ရှိနေခဲ့တာပါ။
လွဲချော်မှုလေးကြောင့်လို့ဆိုရမလား။
ဒေါသထွက်နေတဲ့အချိန် ရုတ်တရက်... ရုတ်တရက်မို့သာကျွန်တော်စိတ်မထိန်းနိုင်ဘဲအခြေအနေဆိုးသွားခဲ့ရတာ။
ဒါပေမယ့် နောက်ကျသွားခဲ့တယ်၊ ကြမ်းကျွံရင်နှုတ်လို့ရပေမယ့် စကားကျွံသွားတဲ့အခါမှာတော့ ဝေးကွာခဲ့ရသည်ပေါ့။ဂျယ်ဂျူမှာရှိနေတဲ့ရက်တွေအတွင်း သူ့ကိုသတိမရတဲ့ရက် တစ်ရက်မှမရှိခဲ့ပါ။
ကျွန်တော်လိုကောင်က လွမ်းဖို့တောင်ထိုက်တန်ရဲ့လားဆိုပြီးလဲ အတွေးများခဲ့ရတယ်။
ဒါပေမယ့်လဲ လွမ်းနေပြန်ပါတယ်။အမေ့အရှေ့တွင်စိတ်ညစ်နေတဲ့ပုံမပြချင်ပါ။
ရောဂါဓာတ်ခံရှိသော အမေ့အားစိတ်မညစ်စေချင်၊ အတတ်နိုင်ဆုံးတော့ အမေ့အရှေ့တွင်ပြုံးနေခဲ့ပါသည်။ကျွန်တော့်မျက်ရည်များလွတ်လပ်စွာစီးဆင်းရာနေရာဟာ ရေချိုးခန်းနှင့် ညအချိန်သဲသောင်ပြင်တွင်သာဖြစ်သည်။
ထိုအချိန်များတွင်ကျွန်တော်လုပ်နေကျအရာကတော့ ညကောင်းကင်ကျယ်ကြီးကိုကြည့်ကာ..