22

4.8K 443 26
                                    

Unicode

ရာသီတွေပြောင်းလဲသွားလဲ မပြောင်းလဲပဲကျွန်တော့်ရင်ထဲရှိနေတဲ့သူ။
ရှာဖွေခြင်းကိုပင်ပန်းခြင်းလို့မသတ်မှတ်ပဲ နှလုံးသားရဲ့အေးချမ်းရာလို့ယူဆတယ်။

လမ်းတွေမကျွမ်းကျင်ပေမယ့် ပါးစပ်ပါရွာရောက်ဆိုတော့ အခက်အခဲမဖြစ်ပါ။ တစ်လမ်းဝင်တစ်လမ်ထွက် ရောက်တတ်ရာရာတွေသွားကာ နှလုံးသားအရှင်သခင်လေးကိုရှာနေမိသည်။

နာမည်ရနေတဲ့အဆိုတော်ဖြစ်နေတာကြောင့် Maskအမဲနဲ့ဦးထုပ်က အကာအကွယ်တစ်ခု။
ပရိသတ်တွေသတိထားမိပြီး သတင်းထွက်လာရင် Taehyungနဲ့မတွေ့ခင် Seoulကိုပြန်နေရမှဟုတ်ပေ့ဖြစ်နေမယ်။

နေ့လည်တစ်ဖြတ်ထိ ရှာဖွေပြီးချိန်မှာ အားအင်ပြည့်ရန်လိုသေးတာမို့ ဗိုက်ဖြည့်ရန် Dopeအမည်ရှိသောစားသောက်ဆိုင်သို့ဝင်ကာ ဗိုက်ဖြည့်ရတော့သည်။
ထောင့်ကျကျ လူကွယ်တဲ့နေရာလေးမှာထိုင်ပြီး maskကိုချွတ်ကာအသက်ဝဝရှူလိုက်သည်။

မှာထားသည်များလာချပေးတော့ ကျေးဇူးတင်ကြောင်းပြောပြီး စားသောက်ခြင်းအမှုစရသည်။
အအေးသောက်ပြီး မျက်စိကစားနေချိန် တွေ့လိုက်ရတဲ့ပုံရိပ်ငယ်..

"Tae"

ထိုနေရာသို့အမြန်အပြေးလေးသွားကြည့်ပေမယ့်မရှိ၊ မျက်စိမှားလေတာလား။
သက်ပြင်းအသာချကာ နေရာသို့သာပြန်လာလိုက်သည်။ စားချင်စိတ်လဲမရှိတော့သည်မို့ ပိုက်ဆံရှင်းကာထိုဆိုင်မှထွက်လာလိုက်ရင်း ဆက်လက်ရှာဖွေခြင်းကိုစတင်တော့သည်။

***

*Hello Jake ငါ Dopeဆိုင်ကိုရောက်နေပြီ မင်းတို့ကဘယ်မှာလဲ*

*အပေါ်ကိုတက်လာခဲ့လေ*

*အပေါ်ကိုတက်လာနေတာပဲလေ လာထွက်ခေါ်ပါအုံးဟ မင်းလဲ Juliaနားကကိုမခွာနဲ့တော့ သောက်ကျိုးနည်းကောင်!*

*ငါမင်းကိုမြင်နေရပြီ ညာဘက်မှာ ဒီမှာ*

*အေအေ တွေ့ပြီ*

Juliaနဲ့တွေ့ချင်ရင်ကျွန်တော့ကိုခေါ်တယ်၊ ပိတ်ရက်တောင်အေးဆေးမနေရ။
သူတို့နှစ်ယောက်ချစ်သူဖြစ်သွားကြရင်ကောင်းမယ်၊ Juliaကလဲ Jakeကြိုက်သွားရင်ပေါ့။
ဒါဆိုကျွန်တော်ဒီအရှုပ်ထုပ်ကောင်ခေါ်ရာကိုမလာရတော့ဘူး။

𝕯𝖊𝖈𝖊𝖒𝖇𝖊𝖗 𝕷𝖔𝖛𝖊 [Completed]Tempat cerita menjadi hidup. Temukan sekarang