27

4.9K 425 24
                                    

Unicode

တစ်နေ့လုံးTaehyungလိုအပ်တာတွေဝယ်ပေး၊ စားချင်တာတွေချက်ကျွေးနဲ့ Taehyungဝေယျာဝစ္စတွေကိုလုပ်ပေးနေသည်မှာ မမောနိုင်မပန်းနိုင်၊ Jungkookရဲ့ အပြုံးလေးဟာလဲချိုလို့။
ဘာတွေလဲ ညကကျတော့စကားကတစ်မျိုး အခုကျတော့ ဘာမှမဖြစ်သလိုပြုံးနေပြန်တယ်၊ ငါမင်းကိုနားမလည်နိုင်တော့ဘူး Jungkookရယ်။

"အိမ်မှာလိုအပ်တာတွေအကုန်တော့ဝယ်ပြီးပြီ ဘာတွေထပ်လိုသေးလဲစဥ်းစားအုံး ငါသွားဝယ်ပေးမယ်"

"မလိုပါဘူးဆို မင်းဘယ်လိုဖြစ်နေလဲ
ခဏလောက်ထိုင်ပါအုံးလား ငါမျက်စိနောက်လာပြီ"

"ကောင်းပါပြီ ခဏနားအုံးမယ် ဗိုက်ဆာရင်ပြော"

ဆိုဖာထက်လှဲလိုက်ပြီး မျက်စိမှိတ်ကာမှိန်းနေသောသူ၊ အပြုံးလေးချိုနေပေမယ့် စိတ်မသက်မသာဖြစ်နေတာကိုမြင်နေရတယ်။
မင်းဘာတွေဖြစ်နေတာလဲဆိုတာငါ့ကိုမပြောချင်ဘူးလား Jungkook။

"Jungkook"

"ဟင်! ဗိုက်ဆာလို့လား"

မေးကြည့်ဖို့တွေးလိုက်ပေမယ့် သူ့အဖြေကဘာတွေဖြစ်လာမလဲဆိုတာမသိနိုင်ဘူး။
နောက်ပြီး သူနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကလဲအဲ့လိုအတွင်းရေးတွေမေးဖို့ထိမဟုတ်ပြန်ဘူး။

"အင်း ရေခဲမုန့်စားချင်လို့"

"အော်.. ဟုတ်ပြီ ယူပေးမယ်
ရော့ တစ်နေ့တစ်ဗူးပဲစားနော် ချောင်းတွေဆိုးမယ်"

"တအားစကားများတာပဲကွာ"

"စိတ်ပူလို့ပါ နေထိုင်မကောင်းဖြစ်မှာဆိုးလို့လေ အညောင်းအညာပြေ လမ်းလျှောက်ထွက်မလား"

"မထွက်ချင်ဘူး"

"မနက်ဖြန်ကျောင်းဖွင့်တော့ Jakeဆိုတဲ့တစ်ယောက်ကိုလာခေါ်ခိုင်းလိုက်လေ သူ့ကိုအိမ်ခေါ်ထားပေါ့
ရေချိုးအုံးမယ် နည်းနည်းပူစပ်စပ်ဖြစ်နေလို့"

"အေးအေး"

မနက်ဖြန်ကျရင်မင်းလိုက်မပို့ဘူးလားလို့မေးလိုက်ချင်ပေမယ့်လဲ ဘာမှမဆိုင်တဲ့ဆက်ဆံရေးမှာ ဘာမှမေးခွင့်မရှိဘူး။

*

နောက်တစ်နေ့မနက်အထိ ဟင်းတွေချက်တာဘာညာ Jungkookကလုပ်နေသေးသည်။
မနက်စာစားပြီး Jakeကိုစောင့်နေချိန် Jungkook အဝတ်ထုပ်ကိုဆိုဖာဘေး၌မြင်လိုက်သည်။
သူပြန်တော့မယ်ပေါ့။

𝕯𝖊𝖈𝖊𝖒𝖇𝖊𝖗 𝕷𝖔𝖛𝖊 [Completed]Onde histórias criam vida. Descubra agora