10

5K 490 15
                                    

Unicode

ကျစ်! ခေါင်းကိုက်လိုက်တာ။
ငါမနေ့ကဘယ်လောက်တောင်သောက်လိုက်မိပါလိမ့်။
ဟင်! ငါအိမ်ပြန်ရောက်နေတာလား!
ဘယ်သူလိုက်ပို့တာလဲ၊ မနေ့က Yugyeomဆိုတဲ့လူနဲ့အတူသောက်နေတာပါ သူပြန်လိုက်ပို့တာများလား။

"Jungkook ဒီမှာသံပုရာရည်
ခေါင်းကိုက်နေမှာပေါ့သောက်လိုက်အုံး"

"အင်း"

"မနေ့ကအန်တီ့ဆီသွားတာလား"

"ဟုတ်တယ်"

"ငါ့ကိုကျမခေါ်ဘူး"

"ဘာလို့ခေါ်ရမှာလဲ"

"အော်.. ငါလဲအန်တီ့အခြေအနေလေးလိုက်ကြည့်ချင်တာပေါ့"

"မင်းဘာသာသွားလဲရတာပဲ"

"အင်းပါ ကျောင်းပိတ်ရက်မှသွားတော့မယ်
ဒါနဲ့.."

"ဘာလဲ"

"မနေ့ကလူက မင်းသူငယ်ချင်းလား"

"ဘယ်သူ အာ.. Yugyeomလား"

"နာမည်တော့မသိဘူးလေ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့"

"ဟုတ်တယ် သူငယ်ချင်း၊ အိမ်ကိုပြန်ခေါ်လာတာမင်းလား"

"အင်းဟုတ်တယ်
သူကငါတို့ကျောင်းကပဲလား"

"ကျစ်! မသိဘူး"

"သူငယ်ချင်းဆို ဘာလို့မသိတာလဲ"

"ခေါင်းကိုက်နေပါတယ်ဆို စကားတွေလာများနေတာပဲ!  မနေ့ကမှတွေ့ပြီးသိသွားတာ ရေသွားချိုးတော့မယ်!"

"မြန်မြန်လုပ်နော် ငါအတန်းသွားတက်ပြီ"

ဟူးး သူငယ်ချင်းဆိုတော့လဲ သူငယ်ချင်းပေါ့ကွာ။
Jungkookက ငါ့ကိုတောင်မချစ်တာ တခြားသူကိုလဲချစ်မိသွားမယ်လို့မထင်ပါဘူး။

***

"Taehyung!"

"Jimin အတန်းသွားတက်တော့မို့လား"

"ဟင့်အင်း အတန်းက၁၀ခွဲမှ
တခြားသူတွေကော"

"ထုံးစံအတိုင်း ခေါင်မိုးထပ်မှာသေနေလောက်ပြီ"

"မင်းကကြိုးစားလှချည်လား"

"ကြိုးစားရမှာပေါ့ကွာ
ငါကအရင်လိုနေလို့မဖြစ်တော့ဘူးလေ"

𝕯𝖊𝖈𝖊𝖒𝖇𝖊𝖗 𝕷𝖔𝖛𝖊 [Completed]Donde viven las historias. Descúbrelo ahora