26

4.8K 428 28
                                    

Unicode

အချိန်၃လလောက်ကုန်လွန်လာတဲ့နောက်မှာ
မနက်စာ၊ နေ့လည်စာ၊ ညနေအတွက်လဲအဆာပြေစာ၊ မိုးလေဝသအခြေအနေပေါ်မူတည်ပီးလိုအပ်တဲ့ပစ္စည်း ပစ္စည်းပစ္စယတွေကိုပေးသူဟာ jungkookဆိုတာသိလာခဲ့တယ်

ထိုအရာများကို၁ပတ်အတွင်းပဲသိခဲ့ပေမယ့် မသိဟန်ဆောင်ကာ သူ့ကြိုးစားနေမှုကိုအားပေးနေခဲ့သည်
နေ့စဥ်ရက်ဆက်သူဟာ ကိုယ့်အတွက်ကိုမပူပဲ
ကျွန်တော့်အတွက်သာလိုအပ်တာတွေဖြည့်ဆည်းပေးနေလေသည်

ဒီနေ့တော့ မနက်စာလေးကိုင်ပီးစောင့်နေကြသူဟာမရှိနေပါ
ဘာကြောင့်လဲ နေများမကောင်းလို့လား?
အိုရ်... ထားပါ သူ့ဟာသူဘာဖြစ်ဖြစ်၊

"ဒီနေ့တော့မနက်စာပါမလာပါလား"

"မစားချင်လို့"

"ဟုတ်ရဲ့လားးး"

"ကိုယ့်နေရာကိုသွားထိုင်နေစမ်းပါ"

"ဘာတွေအလိုမကျဖြစ်နေတာလဲ
မနက်စာပေးနေကြလူကမပေးလို့လား ဟုတ်လား"

"jake! ငါအခုစနောက်ချင်စိတ်မရှိဘူးနော် သွားလိုက်တော့"

"ကောင်လေးတစ်ယောက်တော့ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူကိုစိတ်ကောက်နေလေရဲ့"

သိတယ် သူကငါ့ရဲ့အရင်ယောက်ျားလို့ပြောလိုက်ချင်ပေမယ့် အရစ်တက်ကာမေးလာမယ့်နောက်ဆက်တွဲမေးခွန်းတွေကိုလဲမဖြေချင်ပါ
ထို့ကြောင့် ဖာသိဖာသာနေလိုက်တော့သည်
စိတ်ချမ်းသာသလိုသာနေပီး ပြောချင်တာပြောပါစေတော့

တကယ်လဲ ကျွန်တော်စိတ်ကောက်နေတာလား?

***

လေယာဥ်ထက်ဝယ် ရင်မအေးနိုင်
ကြာမြင့်လှစွာသောလေယာဥ်ချိန်ကြီးကိုစီးနင်းလာပီးနောက် ညောင်းချိနေသောခန္ဓာကိုယ်အားလဲအနားမပေးနိုင်
ကုမ္ပဏီသို့တန်းသွားလိုက်ကာ သူဌေးရုံးခန်းဆီသို့

သူဌေးရှေ့တွင်ထိုင်နေသောအမေ့မျက်နှာဟာမကောင်း
ချက်ချင်းပြန်လာခဲ့ အရေးကြီးတယ်ဆိုသောအမေ့စကားတွင် ဝမ်းနည်းနေသလိုလို၊ ဒေါသသံလိုလိုစွတ်နေသည်
ထို့ကြောင့်ရရာလက်မှတ်ဖြင့်ပြန်လာလိုက်ရသည်

𝕯𝖊𝖈𝖊𝖒𝖇𝖊𝖗 𝕷𝖔𝖛𝖊 [Completed]Donde viven las historias. Descúbrelo ahora