Unicode
ဘဝမှာနာကျင်ခဲ့ရတဲ့အခိုက်အတန့်တွေ ပျော်ရွှင်ခဲ့ရတဲ့အမှတ်တရတွေ လွမ်းဆွတ်ခဲ့ရတဲ့အချိန်တွေကို ရင်ဝယ်ပိုက်ပြီး ပိုမိုကြံ့ခိုင်အောင်နေထိုင်နိုင်ခဲ့တယ်။
စိတ်ထဲမှာမပျော်ရွှင်နိုင်ပေမယ့် ရည်မှန်းချက်ပျောက်မနေခဲ့ပါ၊ ပန်းတိုင်တစ်ခုကိုပုံသေထားလို့ ဘဝအတွက်အခြေခိုင်အောင်ကျွန်တော်လုပ်နိုင်ခဲ့တယ်။
JKဆိုသောနာမည်နဲ့ ကျွန်တော်ဟာလူသိများလာခဲ့တယ်၊ ရေခဲမင်းသားလေးဟာလဲလူခေါ်များသောနာမည်ပင်။
ကျွန်တော်အဆိုတော်ဖြစ်လာခဲ့တယ်။
အသံချိုချို၊ ဘော်ဒီတောင့်တောင့်၊ ရုပ်ကလဲဖြောင့်၊ လူတိုင်းလိုချင်တပ်မက်လောက်တဲ့ဥစ္စာပစ္စည်းတွေပါပိုင်ဆိုင်ထားသေး။
ဒါပေမယ့် နှလုံးသားထဲမှာအပြည့်နေရာယူထားတဲ့သူလေးကြောင့် အနုပညာအသိုင်းအဝိုင်းကခပ်ချောချောမဒီတွေကိုလဲစိတ်မဝင်စားသလို ပရိသတ်ထဲကမဒီတွေကိုလဲရင်ထဲမရောက်ခဲ့ပါ။၄နှစ်... ထိုအချိန်ကာလဟာ ကျွန်တော့အတွက်တော့ငရဲခန်းတစ်ခုကိုဖြတ်ကျော်ခဲ့ရသလိုပင်။
အခြေခိုင်လျှင်ဖြိုချဖို့ခက်သည်မဟုတ်ပါလား၊ ဒါကြောင့် ကျွန်တော်အခြေခိုင်အောင်ကြိုးစားခဲ့သည်။
ငွေအင်အားဟာလဲ ဘဝတွင်မရှိမဖြစ်အစိတ်အပိုင်းတစ်ခုပင်ဖြစ်လေသည်။
ထိုငွေကြောင့် Taehyungရဲ့တည်နေရာကိုသိခဲ့ရသည်။ Londonမှာတဲ့။
ဘာတွေလုပ်နေလဲ ဘယ်မှာနေလဲထိတော့မသိရပေမယ့် နေရာကိုသိရတာနဲ့တင်ကျွန်တော့်အတွက်လုံလောက်ပါပြီ သိပ်မကြာခင်ပြန်ဆုံကြမယ်။"Jungkook.."
ကျစ်! စိတ်ရှုပ်စရာကစပြီ။
"Dahee ဘာကိစ္စလဲ"
"နင်ကလဲ စိမ်းကားလိုက်တာ နာမည်ကြီးသွားလို့လား"
"ငါခေါင်းကိုက်နေတယ် မလိုအပ်တာတွေလာပြောမနေနဲ့ အခုလာတာဘာကိစ္စလဲ"
"နင်ခေါင်းကိုက်နေလို့လား ငါနှိပ်ပေးရမလား"
အဲ့တာတွေကိုသူမကြိုက်တာ၊ သူမကအရမ်းကို သွက်လွန်းတယ်။ မျက်စိရှုပ်အောင်ထိပေါ့။
ကျွန်တော်က သူမကိုမနှစ်သက်တာကြောင့်ပိုလို့ပင်စိတ်ရှုပ်ရပါသေးသည်။