Unicode
တစ်နှစ်ဆိုသောအခိုက်အတန့်ရှိခဲ့ပြီ။
သူနဲ့တွေ့ဆုံခဲ့သော မြူနှင်းကျရာ,ရာသီလေးတောင် ပြန်ရောက်ခဲ့ပေါ့။
အဆင်မပြေသောစိတ်ကိုချိုးနှိမ်လို့ ဖေဖေ့ကုမ္ပဏီတွင်အလုပ်ဝင်လုပ်သည်။ကျောင်းစာတစ်ဖက် အလုပ်တစ်ဖက်နှင့် ကိုယ့်ကိုယ်ကိုပင်ပန်းအောင်နေရင်းအသက်ရှင်သည်။
လူငယ်သဘာဝသူငယ်ချင်းတွေနဲ့လျှောက်လည် ပျော်ပါးတာတွေမလုပ်ပါပဲ အလုပ်လုပ်လိုက် စာလုပ်လိုက်နှင့် ဘဝကိုပျင်းရိစွာဖြတ်သန်းသည်။
ပျော်ရွှင်မှုတွေမရှိပါပဲပေါ့။"သား.."
"ဟုတ်ဖေဖေ"
"ညနက်နေပြီလေ မအိပ်သေးဘူးလား"
"ခဏနေအိပ်တော့မှာ ဖေဖေကကော?"
"အိပ်တော့မှာ သားအခန်းကမီးလင်းနေလို့လာကြည့်တာ"
"အော် ဟုတ်
သားခဏနေအိပ်တော့မှာပါ""အေးအေး အလွန်အကျွံတွေလုပ်မနေနဲ့"
"ဟုတ်ကဲ့ပါ ကောင်းသောညပါဖေဖေ"
"သားရောပဲ"
သားငယ်လက်ထပ်သောအချိန်က အသိအနည်းငယ်သာမို့ သားကိုလက်ထပ်ထားတာသိပ်မသိကြ။
ဒီတော့ သမီးရှင်တွေဟာသားငယ်ကိုမျက်စိကျကြသည်၊ သားငယ်ကတော့ ဘာကိုမှစိတ်ဝင်စားမှုမပြ။
သံပတ်ပေးထားသောအရုပ်လိုပင်။
သားလေးအတွက် ပျော်ရွှင်မှုက Jungkookပဲဖြစ်နေတော့ ဘာလုပ်ပေးနိုင်မလဲအကြိမ်ကြိမ်စဥ်းစားခဲ့တယ်။
လုပ်သင့် မလုပ်သင့်ကိုလဲတွေးတောခဲ့တယ်။
ဒါပေမယ့် အခုတော့အဖေတစ်ယောက်အနေနဲ့လုပ်သင့်တာကိုလုပ်ရမယ်။***
ညကောင်းကင်ကြီးရဲ့အလှဟာ ကျွန်တော့်စိတ်ကိုကြည်လင်အောင်မစွမ်းဆောင်နိုင်။
ပင်လယ်ကဖြတ်တိုက်လာသောလေတွေဟာလဲ ကျွန်တော့်စိတ်ကိုမအေးမြနိုင်။
ဘာလိုအပ်နေတာလဲ ဘာကိုတောင့်တနေတာလဲ။ကျွန်တော့်ရဲ့တောင့်တမှု ကျွန်တော့်ရဲ့လိုအပ်နေမှုက
အပြုံးချိုချိုလေးတစ်ပွင့်သာဖြစ်နေခဲ့တယ်။"သတိရနေတာဖြစ်သင့်ရဲ့လား"
***
မနက်ခင်းမှာ ကြည်လင်သောကောင်းကင် သာယာသောကျေးငှက်သံတွေဟာ ဒီနေ့မှ တစ်မျိုးတစ်ဖုံပိုနားထောင် ပိုခံစားလို့ကောင်းနေသလိုပင်။
ထားပါလေ ဒါတွေခံစားနေဖို့အချိန်တွေမရှိပါဘူး။