Unicode
ဒီနေ့နှင်းတွေကျနေခဲ့တယ်။
နေရောင်မှိန်ပြပြအောက်မှာ နှင်းတွေအလုအယက်ကျဆင်းနေခဲ့တယ်။လွမ်းတယ်။
အရမ်းကိုလွမ်းတယ်။
နှင်းတွေကျနေခဲ့တဲ့နေ့မှာစတွေ့ခဲ့တဲ့ သူ့ကို။ကျွန်တော့်နှလုံးသားကိုနွေးထွေးစေတဲ့
သူ့အပြုံး၊ ကျွန်တော်အကြည့်မလွှဲနိုင်လောက်အောင်လှလွန်းတဲ့ သူ့မျက်ဝန်း၊ ပါးပေါ်ကအမာရွတ်သေးသေးလေးကအစ ကျွန်တော့်မြတ်နိုးရာ။ချစ်တယ်။
သူထွက်သွားတာ၁နှစ်ရှိပြီ။
ဒါပေမယ့် မေ့မရဘူး ၊ ချစ်နေဆဲ ချစ်နေမြဲပဲ။
မင်းသာပြန်လာမယ်ဆို ရင်ခွင်တံခါးက
အမြဲဖွင့်ပြီးကြိုဆိုနေမှာပါကွာ။သူနဲ့တွေ့ဆုံဖို့ကံကြမ္မာဖန်လာတဲ့အခိုက်အတန့်...
တက္ကသိုလ်ပထမနှစ် »»
Second semesterကို စတင်တက်ရောက်ရမယ့်နေ့။ပြောရမယ်ဆို အချစ်ကိုမသိရှိသေးတဲ့အချိန်ပေါ့၊ တစ်ဆက်တည်းမှာပဲ အချစ်ကိုတွေ့ရှိခဲ့တဲ့အချိန်။
"ဟေ့ကောင် Taehyung!"
"ဘာလဲ!"
"ရာသီတွေပြောင်းသွားလဲ လေသံတွေကမာထန်နေဆဲပဲနော်"
"မင်းလဲစကားအလွန်များနေတုန်းပဲနော် Jin"
"စကားတွေများနေလဲ ငါချောနေတုန်းပဲလေ"
"အခုမှ Uniပြန်ဖွင့်လို့လာတာ ပထမနေ့လေးနော် ကျက်သရေမရှိအောင်မလုပ်နဲ့"
"စကားကိုပြောလိုက်ရင် ကျောက်ခဲကအဘခေါ်ရမယ် မာနေရောပဲ"
ပခုံးတွန့်ပြလိုက်ကာ..
"That's my style.. Yoongiကော"
"Namjoonနဲ့လာနေပြီတဲ့ ရောက်တော့မယ်
ဗိုက်သွားဖြည့်အုံးမယ် လိုက်မလား""သွားမယ်လေ"
Kim Taehyung..စီးပွားရေးမေဂျာကKing
မလိုအပ်ရင်စကားမပြောပေမယ့် ပြောလိုက်ရင်လဲ ရိုက်ပေါက်။
စိတ်ထားလေးကတော့ကောင်းပါရဲ့။