Unicode
၁ပတ်ဆိုတဲ့အချိန်ကာလကြောင့် ရင်းနှီးမှုကမဆိုသလောက်လေးတိုးတက်လာတယ်ဆိုရမလား၊ Jiminကတော့ တကယ့်ကိုလူဝင်ဆံ့တယ် အကောင်သေးလို့ စတာပါ၊နောက်တာပါ။ အမြဲတမ်းပြုံးရွှင်နေပြီး စကားပြောလဲချို သဘောလဲကောင်းတော့ ခင်တဲ့သူတွေများတာပေါ့။
အခုတော့ကျွန်တော်တို့၇ယောက်ကသွားအတူ စားအတူ လာအတူနဲ့ တရုန်းရုန်း။
"Jimin.. Jungkookကဘာလို့မလာတာလဲ"
"ဒီနေ့ သူ့အမေဆေးစစ်မယ့်နေ့လေTaehyungရဲ့"
"တနေကုန်မလာဘူးပေါ့"
"အေ့ပေါ့ကွ အဲ့ဆေးစစ်တာတွေလုပ်ပြီးရင် သူ့အမေကလုံးဝကိုအားမရှိတော့တာ ကင်ဆာဓာတ်ကင်တာလား အဲ့တာလုပ်တာ"
"အဲ့တာကအရမ်းခံစားရတယ်လို့ပြောတယ် အရမ်းနာတယ်တဲ့" -Hobi
"ငါလဲကြားဖူးတယ်" -Namjoon
"Jungkookလဲသနားပါတယ် သူတက္ကသိုလ်ဆက်မတက်ဖို့လုပ်နေတာ ငါ့မှာမနည်းတားလိုက်ရတာ"
"Jimin မင်းကသူနဲ့ဘယ်ကတည်းကခင်တာလဲ" -Taehyung
"အလယ်တန်းမတက်ခင်လောက်ထဲက သင်တန်းတစ်ခုမှာစခင်တာ"
"ငါ့ကိုပြောပြပါလား Jungkookအကြောင်းလေး"
"ဘာလို့သိချင်တာလဲ"
"သူငယ်ချင်း တွေလေ ကွာ
အဲ့..အဲ့တော့ ကူညီနိုင်တာ ကူညီရ အောင်"အဲ့အချိန် စောက်ပိုဆိုသောမျက်နှာဘေးတွေနှင့်ကြည့်နေကြသော Jin, Hobiနဲ့ Namjoon။
Yoongiလား အိပ်ချင်ယောင်ဆောင်ပြီး Jiminကိုခိုးကြည့်နေတယ်။"အင်းပေါ့လေ သူငယ်ချင်းတွေဖြစ်နေပြီပဲ သိသင့်တာပေါ့၊ Jungkookကလေအရင်ကဒီလိုလေးမဟုတ်ဘူး အမြဲပျော်ပျော်နေတတ်ပြီး ကလေးလဲဆန်တယ်"
ဟင်? ကလေးဆန်တယ် မဖြစ်နိုင်တာ။
ဒီအကြောတင်းလေးကဘယ့်နှယ့်ကြောင့်ကလေးဆန်မတုန်း။"မယုံတဲ့မျက်နှာဘေးကြီးလုပ်မနေနဲ့ Taehyung တကယ်ပြောနေတာ Jungkookကတအားချွဲတာ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှဒီလိုဖြစ်သွားတာ သူတို့မိသားစုကပြည့်စုံတယ်သူ့အဖေရှိစဥ်ကပေါ့ သူ့အဖေဆုံးသွားတော့စီးပွားရေးတွေကလဲအဆင်မပြေ သူ့အမေကပဲရရာအလုပ်တွေလုပ်ပြီးကျောင်းထားခဲ့တာ အထက်တန်းစတက်တော့သူ့အမေရောဂါကစတာပဲ အဲ့လိုကနေJungkookလဲ အရမ်းတည်ငြိမ်သွားတာ"