Unicode
တစ်ယောက်တည်းတသီးတသန့်နေချိန်တွေပိုများလာသည်။။
Jiminနှင့်က အခန်းတူမို့သာတွေ့နေရပေမယ့် ကျန်တဲ့သူတွေအား တစ်ပတ်လျှင်တစ်ခါလောက်သာတွေ့ဖြစ်သည်။ Namjoonနဲ့ကတော့ပိုဆိုးပေါ့ဗျာ။ကတ္တရာလမ်းမကြီးဟာ နှင်းတွေနဲ့ဖုံးလွှမ်းနေသောအခါ အဖြူရောင်လွင်ပြင်ကြီးလိုဖြစ်လို့။
အိမ်ခေါင်မိုးတွေ၊ ကားပေါ်တွေ၊ သစ်ကိုင်းပေါ်တွေ၌လဲနှင်းတွေဖုံးကာနေလေသည်။နှင်းတွေကြားဆော့ကစားနေသောကလေးငယ်တွေရဲ့အပြုံးဟာ ဖြူဖွေးသောနှင်းတွေနဲ့အပြိုင်ဖြူစင်လွန်းလှသည်။
နှင်းလုံးတွေလုပ်ရင်းပစ်ပေါက်တိုင်းကစားနေကြသည်၊
အပူအပင်မရှိနေနိုင်ကြတာ တကယ်အားကျမိပါတယ်။"Jungkook ရောက်ပြီလား"
"ဟုတ်ကဲ့"
"အေးတယ်နော် အပြင်တောင်မထွက်ချင်ဘူး"
"အင်း"
"ဒါနဲ့ တွေ့ချင်တာက?"
"အဲ့နေ့ညက ဘာလို့ အဲ့မဟုတ်တဲ့စကားတွေပြောခဲ့တာလဲ"
အပြုံးချိုချိုနဲ့မျက်နှာဟာ တမဟုတ်ချင်းပြောင်းလဲသွားလေသည်။
ထိတ်လန့်သွားသလိုမျိုး၊ အလိမ်ပေါ်သွားသလိုမျိုး။"ပြောပါအုံးဗျာ ခင်ဗျားပြောတော့ Taehyungက ကျွန်တော့်ကိုငွေပေးပြီးကူညီထားတာကိုနောက်ကွယ်မှာလှောင်နေတယ်ဆို၊ ကျေးဇူးရှင်ကိုမသိတတ်ပဲကျွန်တော်က Taehyungအပေါ်ဆက်ဆံရေးမပြေပြစ်တာကိုလဲသူကပြောနေတယ်ဆို၊ ပိုက်ဆံလဲပြန်မရ ခန္ဓာကိုယ်ကိုလဲထိမရနဲ့ သူ့အတွက်အကျိုးယုတ်တယ်ဆိုပြီးပြောတယ်ဆို၊ ဆေးရုံတက်နေရတဲ့ အမေ့ကိုလဲဒီလောက်အကြာကြီးကုပေးနေရတာစိတ်ပျက်လာပြီဆို ခင်ဗျားဘယ်လိုလုပ်များအဲ့စကားတွေ.."
"ဘာလို့ယုံခဲ့လဲ"
"ဘာ!!"
"ဟုတ်တယ်လေ ပြောတိုင်းယုံတာပဲလား"
"ခင်ဗျား!! ကျွန်တော့်စိတ်တွေ Taehyungအပေါ်တည်ငြိမ်မနေခဲ့တာကိုသိရဲ့သားနဲ့! ဘာလို့ အဲ့စကားတွေပြောခဲ့တာလဲ!!"
"ဒါတော့... မင်းကိုငါချစ်လို့"
အရှေ့တွင်ထိုင်နေသော Yugyeomဆိုသောလူအား အားရပါးရကိုဆွဲထိုးပစ်ချင်နေလေသည်။ လက်သီးအားတင်းတင်းဆုပ်ထားရင်း စိတ်ကိုဖြေလျှော့နေရသည်။