၀မ်ရိပေါ် နောက်ထပ် နိုးလာတော့ မိုးတောင်ချုပ်နေပြီ။ အဖျား ကျသွားလို့ဖြစ်မည်။ မနက်ကထက်စာရင် တော်တော်လေး နေရတာ ပေါ့သွားသည်။ အိပ်ယာကထပြီး အောက်ထပ်ကို ဆင်းလိုက်တော့ ရှောင်ကျန့်ဆိုသည့် လူကြီးကိုမတွေ့။
ရေဆာလာတာကြောင့် မီးဖိုခန်းထဲ၀င်ခဲ့လိုက်တော့ အလုပ်များ နေသော ရီဖေးကော ကိုတွေ့လိုက်ရသည်။
"ရီဖေးကော.. ဘာတွေချက်နေတာလဲ "
ရိပေါ် မေးလိုက်ပြီး ရေခဲသေတ္တာထဲက ရေပုလင်းကို ယူကာ သောက်လိုက်သည်။
"ရိပေါ်လေး ..နိုးပြီလား..သက်သာလား.. သခင်ကြီးက ဆိုင်သွားတယ် စောစောပြန်လာပြီး ညစာစားမယ်လို့ ခုနက ဖုန်းဆက်လာတယ်.. ဗိုက်ဆာနေပြီလား ရိပေါ်လေး .."
"မဆာသေးဘူး ရီဖေးကော.. ဒါတွေအားလုံး ရီဖေးကော ကိုယ်တိုင် လုပ်တာလား "
၀မ်ရိပေါ် တခြားအိမ်အကူတွေမတွေ့တာကြောင့် ဒီလိုအိမ် အဆင့်အတန်းနဲ့ဆို အနည်းဆုံး အိမ်အကူ ၂-၃ယောက်လောက်ရှိ သင့်သည့်အနေအထားမို့ မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ်.. ဒီမှာက သခင်ကြီးနဲ့ ကော နှစ်ယောက်ထဲပဲ ရှိတာလေ... တစ်ပတ်တခါ အိမ်သန့်ရှင်းရေးကိုတော့ Service ပေးတဲ့ကုမ္ပဏီနဲ့ ချိတ်ထားတယ်.."
"ကျွန်တော် ကူလုပ်ချင်တယ် ရီဖေးကော.. ဘာလုပ်ပေးရမလဲ "
"နားနေလိုက်ပါ ရိပေါ်လေး ရ.. နေကောင်းကာစကို.."
" ကျွန်တော် ပျင်းတယ် ရီဖေးကော ..ဒီတိုင်းကြီး မနေချင်ဘူး.."
၀မ်ရိပေါ် အတင်းပြောတာကြောင့် ရီဖေးကောက သူ့ကို မုန်လာဥအခွံနွှာကာလှီးရမယ့်ပုံစံကိုပြသည်။ ၀မ်ရိပေါ်အတွက် မီးဖို ချောင်မှာ ပထမဆုံး ဓားကိုင်ဖူးတာကြောင့် ကို့ယိုးကားရားတော့ နိုင်လှ ပေမယ့် ပျော်ရွှင်မိသည်။
...................
ရှောင်ကျန့် အိမ်ပြန်ရောက်တော့ အိမ်၀မှာ စောင့်ကြိုနေကျ ရီဖေးကိုမတွေ့တာကြောင့် အသံကြားရာ မီးဖိုးခန်းဖက်ကို ၀င်လာ လိုက်သည်။
"အော... ကောင်လေး နေလဲမကောင်းပဲ ဘာတွေလုပ်နေတာလဲ "
"သခင်ကြီး ပြန်လာပြီလား ..."
YOU ARE READING
Wish (Complete)
FanfictionZhan ဆိုတာ ကျနော့်အတွက်တော့ အရာရာဖြစ်တည်မှုပါပဲ။ သူဆိုတာမရှိတော့ရင် ကျနော်ဆိုတာ မရှိချင်လောက်အောင်ကို ရူးသွပ်ရသူမို့။ Wang Yibo Wang ဆိုတာ ကိုယ့်အတွက်တော့ ကိုယ်ကိုတိုင် မလွတ်မြောက်ချင်လောက်အောင် န...