အပိုင်း ( ၁ရ ) Unicode - edit

1.3K 110 1
                                    

ရှောင်ကျန့် ခြံ၀မှာ စု‌ဝေးထိုင်နေကြသည့် လူတွေမသိအောင် ပုန်းကာသွားလိုက်ပြီး အိမ်ကြီးနားကို ချဥ်းကပ်လိုက်သည်။ နောက်က လိုက်လာသော ရီဖေးကို အပေါက်၀ဖက်ကလူတွေကို စောင့်ကြည့်ဖို့ မျက်ရိပ်ပြလိုက်၏။ မှန်ပြတင်းပေါက် ရှိရာဖက်ကိုသွားပြီးအထဲကို အကဲ ခတ်လိုက်သည်။

ရှောင်ကျန့် အထဲမှာရိပေါ်ကို ကြိုးနှင့်တုတ်ပြီး လူနှစ်ယောက် ၀ိုင်းထိုးနေကြသည့်မြင်ကွင်းကြောင့်ဒေါသထောင်းကနဲ ထွက်သွားသည်။ မှန်တံခါးကို ကန်ခွဲကာ အော်ပြီး ခုန်၀င်သွားလိုက်သည်။

"ရပ်လိုက်စမ်း....)))) "

ခွမ်းကနဲ မှန်ကွဲသံနှင့်အတူ ဟိန်းထွက်လာသောအသံကြောင့် ၀မ်ရိပေါ်ကို ထိုးနေသည့်လူနှစ်ယောက် ကြောင်ကာ ရပ်ကြည့်နေသည်။ ရှောင်ကျန့် အနားကိုလေကဲ့သို့ လျင်မြန်စွာရောက်သွားကာ တစ်ယောက် ကိုအားနှင့်ထိုးပစ်လိုက်ရာလွင့်ထွက်သွားသည်။ ကျန်တစ်ယောက်ကို လည်ပင်း ကနေညှစ်ပြီး ကိုင်မြှောက်ကာ အဝေးကိုပစ်ထည့်လိုက်သည်။

"ကျန့်... "

ကျန့်ကို တွေ့လိုက်ရတာကြောင့် ၀မ်ရိပေါ် အားတက်စွာ ခေါ်လိုက်သည်။

"၀မ်.. ကိုယ်ရောက်လာပြီ..အရမ်းနာနေလား.."

ရှောင်ကျန့် စိတ်ပူစွာမေးလိုက်ပြီး ကြိုးဖြည်ပေးဖို့ လုပ်လိုက်သည်။

"ကျန့်... ကျွန်တော် အဆင်ပြေတယ်.. ပါးနဲ့ မားကို သူတို့ဖမ်းထားတယ် အပေါ်မှာ ရှိမယ်ထင်တယ်... "

"မပူနဲ့..၀မ်.. စစ်ကျွေး သူ့လူတွေနဲ့ ရောက်နေလောက်ပြီ.."

လျှက်တပြတ်အတွင်း လျင်မြန်လွန်းသည့်လှုပ်ရှားမှုကြောင့် ရှင်းမေတစ်ယောက် ကြောင်အစွာကြည့်နေမိသည်။ တိုက်ခိုက်သံတွေ ဆူညံလာမှ သတိ၀င်လာကာ ၀မ်ရိပေါ်ကိုကုန်းကာ ကြိုးဖြေပေးနေသော လူ၏ကျောကိုတွေ့သည့်သံချောင်းကိုဆွဲကာပြေးရိုက် လိုက်သည်။

"ရှင်းမေ... မလုပ်နဲ့... ကျန့်... "

၀မ်ရိပေါ် ခြေထောက်ကို ကျန့်က ကြိုးဖြေပေးနေစဥ် အန္တရာယ် ပြုမည့်ရှင်းမေကို တွေ့လိုက်ရတာကြောင့် အော်လိုက်သည်။

Wish (Complete)Where stories live. Discover now