အပိုင်း ( ၃ရ ) Zawgyi - edit

560 24 1
                                    

ဝမ်ရိပေါ် ပေကျင်းကနေ အိုဆာကာ ရုတ်တရက်ထွက်လာခဲ့ တာမို့ကျန်ခဲ့တဲ့မပြီးသတ်သေးတဲ့အလုပ်ကိစ္စတွေအတွက်ပြန်ရအုံးမည်။ ၀မ်ရိပေါ် သူက မပြန်ချင်ပေမယ့် ကျန့်က သူ့ကို ပြန်ခိုင်းကာ နန်စီ ကိစ္စကိုလည်း ကူညီပေးစေချင်သည်။ နောက်တစ်ခုက ၀မ်ပေါက်လေးနဲ့ ပတ်သက်ပြီး ၀မ်ပါးနှင့်မားကို ပြောပြရအုံးမည်။

"ကျန့် .. တစ်ကယ်ပြန်ရမှာလားလို့.. အလုပ်ကိစ္စကော နန်စီကိစ္စကော ဒီကနေပဲ စီစဉ်ပေးလိုက်မယ်လေ မရဘူးလား.."

လေဆိပ်ဆင်းကာနီး ထုံးစံအတိုင်း ၀မ်ရိပေါ်တို့ ကျန့်အနားက မခွာနိုင်ဖြစ်နေခြင်းဖြစ်သည်။

"မဆိုးရဘူးလေ..၀မ်....ပြီးရင်ပြန်လာရမှာပဲဟာ.... .စည်းကမ်းကိုလိုက်နာ မှ‌ပေါ့.."

"ပြီးတော့ ၀မ်ပေါက်ကိစ္စမင်း လုပ်ရမယ့်တာဝန် ရှိသေးတယ်လေ.. မဟုတ်ရင် ၀မ်ပါးနဲ့မား လန့်သွားလိမ့်မယ်.. "

"ကျန့် .. ကျွန်တော်တို့ သားအဖသုံးယောက် ဘယ်သူမှမသိတဲ့နေရာ အတူတူသွားနေရအောင်လား.. "

ဝမ်ရိပေါ် စာအုပ်ကြီးအတိုင်း အမြဲတွေးတက်တဲ့ ကျန့်ကို အရဲ စွန့်ကာ ထပ်ပြီးတောင်းဆိုလိုက်သည်။

"၀မ်ရိပေါ် .. မင်း မိဘနေရာရောက်နေပြီ ကိုယ်ချင်းစာစိတ်မွေးစမ်း.. သူတို့ရင်ခွင်ထဲကနေ မင်းကိုဆွဲထုတ်လာမိလို့ မင်း ပါးနဲ့မားကို ကိုယ် ဘယ်လောက်အပြစ်ပြုမိသွားဆိုတာ သိရဲ့လား.. အဲ့အတွက် ကြည်ကြည် ဖြူဖြူနဲ့ သူတို့ရင်ထဲမှာ လစ်လပ်သွားတဲ့နေရာလေးကို ၀မ်ပေါက်လေးနဲ့ အစားထိုးပေးချင်တာ.. မင်းကိုယ့်ကို တစ်သက်လုံး ကိုယ့်ကိုကိုယ် အပြစ် တင်ရင်း နေသွားစေချင်လို့လား.."

"ကျန့်.. ကျွန်တော်မှားသွားပါတယ်.. အများကြီးမစဉ်းစားပဲ ပြောလိုက် မိတယ်.. စိတ်မဆိုးပါနဲ့နော်.. "

ဝမ်ရိပေါ် ရှောင်ကျန့်ခါးကို ဖက်ကာ ရင်ခွင်ထဲခေါင်းတိုးပြီး တောင်းပန်လိုက်သည်။

"စိတ်မဆိုးပါဘူး..ကိုယ့် ၀မ်ငယ်လေးက လိမ္မာပြီးသားပါ.. နေကောင်း ပြီဆိုပြီး ဟိုရောက်ရင် ပေါ့ပေါ့ဆဆ မနေရဘူးနော်.. ရေကိုအကြာကြီး စိမ်မချိုးနဲ့.. အစားမှန်မှန်စား.. နောက်လကျရင် ပြန်လာခဲ့.. ကိုယ်တို့ သားအဖ ၀မ့်ကိုမျှော်နေမယ်.."

Wish (Complete)Where stories live. Discover now