၀မ်ရိပေါ် မျက်နှာတည့်တည့်ကိုထိုးလာသော နေရောင်ကြောင့် ဆက်အိပ်မရတော့ပဲ နိုးလာခဲ့သည်။ နေတောင်အတော်မြင့် နေပြီမို့ သူတော်တော်ကြာကြာ ပြန်အိပ်ပျော်သွားတာပဲဆိုတာသိလိုက်သည်။
အခန်းထဲမှာ အပူချိန်က ကျန့် အဲကွန်းပိတ်သွားတာ ကြာပြီ ဆိုတာမေးကြည့်စရာတောင်မလိုဘူး။ ကျန့်က ဘယ်တော့ ဖြစ်ဖြစ် သူ့ကို ဂရုစိုက်ဖို့တော့ မေ့တယ်ဆိုတာမရှိခဲ့။ ၀မ်ရိပေါ် ရေမိုးချိုးပြီး အခန်းထဲ ကထွက်လာတော့ အရင်သူနေသည့်အခန်းက အသံကြားတာမို့ တံခါးဖွင့် ကြည့် လိုက်သည်။ အခန်း၀ကို ကျောပေးကာ ကလေးလေးကို ပုခက်ထဲ ထည့်ပြီးသိပ်နေသည့် ကျန့် ဂုတ်ပိုးလေးကို ငုံ့နမ်းလိုက်သည်။
"၀မ်...ကိုယ်ပူသေးလား.. "
ရှောင်ကျန့် ရိပေါ် နဖူးလေးကို သူ့နဖူးလေးနဲ့ ထိကာ စမ်းလိုက်သည်။
"ကျန့်အနားမှာသာ ရှိရင် ကျွန်တော် နေကောင်းတယ်.. ကျွန်တော်တို့ သားလေးက ချစ်စရာလေးနော် ..ကျန့် "
၀မ်ရိပေါ် ကျန့်ခါးလေးကိုဖက်ပြီး အိပ်ပျော်နေသည့်သားလေး မျက်နှာကို ကြည့်ရင်းပြောလိုက်သည်။
"အင်း.. မင်းနဲ့တူတယ်..၀မ်ပေါက်လေးက..ပါးဖောင်းလေးရယ်.. နှာခေါင်း လုံးလုံးလေးရယ်..အသားအရည်ကအစ ဖြူအုနေတာ မင်းအတိုင်းပဲ.. ကိုယ်နဲ့တူတာဆိုလို့ ..နှုတ်ခမ်းအောက်က မှဲ့လေးပဲ "
"ကျန့် ကျွန်တော့်ကို ချစ်တဲ့သက်သေတွေပေါ့..ကျွန်တော်ကြားဖူးတဲ့ ကလေးလေးက အဖေနဲ့အရမ်းတူရင် အမေက အဖေ့ကိုအရမ်းချစ် လို့ဆိုတဲ့စကား ခုတော့ တစ်ကယ်ယုံပြီ.. ဒါပေမယ့် ကျန့်ကို ကျွန်တော် သက်သေပြခွင့်မရလို့ စိတ်မကောင်းဘူး "
"သက်သေပြစရာမလိုအောင် ၀မ့်အချစ်တွေကို ကိုယ်နဲ့ ၀မ်ပေါက်လေး အပြည့်အ၀ ရပြီးသားလေ.."
ရှောင်ကျန့် ရိပေါ်ကို ကိုယ်၀န်ချဥ်ချင်း တက်တုန်းက ရိပေါ်က သူ့အစားခံပေးခဲ့ရတဲ့အကြောင်းကို ပြောပြလိုက်သည်။
"ဟာ.. အဲ့လိုလား.. အဲ့တုန်းတည်းကပေါ့.. အဲ့တုန်းက ကျွန်တော် ခံစားရ တာတွေက ထူးဆန်းလွန်းလို့ နန်စီမတို့ကတောင် ကျွန်တော့်ကို ဗိုက်ကြီး သည်ကျနေတာပဲဆိုပြီးစနေကြသေးတာ.. တော်သေးတာပေါ့ ကျန့်အစား ကျွန်တော် ကိုယ်စားခံပေးရလို့ .. ဟား..ဟား ပျော်စရာ ကြီးကွာ.. ခုမှပဲ စိတ်ထဲနေလို့ကောင်းသွားတော့တယ် .."
YOU ARE READING
Wish (Complete)
FanfictionZhan ဆိုတာ ကျနော့်အတွက်တော့ အရာရာဖြစ်တည်မှုပါပဲ။ သူဆိုတာမရှိတော့ရင် ကျနော်ဆိုတာ မရှိချင်လောက်အောင်ကို ရူးသွပ်ရသူမို့။ Wang Yibo Wang ဆိုတာ ကိုယ့်အတွက်တော့ ကိုယ်ကိုတိုင် မလွတ်မြောက်ချင်လောက်အောင် န...