ဝမ်ရိပေါ် ကားထဲဝင်ထိုင်လိုက်သည်နှင့် Heater ဖွင့်ထားတာမို့ နွေးကနဲဖြစ်သွားသည်။ မျက်စိမှိတ်ကာ ငြိမ်နေလိုက်ရင်း ခဏအကြာ မှာတော့ ကားကရပ်သွားတာမို့ မျက်စိဖွင့်ကြည့်လိုက်သည်။ ခြံဝန်းကြီး တစ်ခုထဲမှာ ကားကရပ်နေခြင်းဖြစ်သည်။
" ဟွား... ခင်ဗျားက ဘောစိပဲ "
ဂျပန်လိုဆိပ်ငြိမ်ရပ်ကွက်တစ်ခုမှာ ခြံဝန်းနဲ့နှစ်ထပ်တိုက်ကြီး မှာ သီးသန့်နေနိုင်သည်ဆိုတာ သာမန် Bartender တစ်ယောက် အတွက် မဖြစ်နိုင်တာမို့ ၀မ်ရိပေါ် ပြောလိုက်ခြင်းဖြစ်သည်။
"သာမန်လောက်ပါပဲ... ကိုယ်က သီးသန့်နေတတ်လို့ပါ "
ရှောင်ကျန့်ပြုံးကာ ပြန်ဖြေရင်း ကားပေါ်ကဆင်းလိုက်သည်။ အိမ်ဝမှာ ကြိုနေသော သူ၏လူယုံ ရီဖေးက လူစိမ်းပါလာတာမို့ ထူးဆန်းစွာကြည့်နေသည်။
ဝမ်ရိပေါ်က ရှောင်ကျန့်အိမ်ကိုခေါ်လာဖူးသောပထမဆုံး ဧည့်သည်ဖြစ်သည်။ ရီဖေးနှင့်ကျွန်တော်က ရေစက်ထူးရှိသည်လို့ ပြောရမလိုပင်။
ရီဖေးနဲ့ ပထမဦးဆုံးဆုံတွေခဲ့သည့်ဘ၀မှာ သူ့အသက်ကို ရှောင်ကျန့်ကယ်ခဲ့ဖူးတာကြောင့် တစ်ကောင်ကြွက်ဖြစ်သည့်ရီဖေးက သူ့ကို စောင့်ရှောက်ချင်လို့ဆိုပြီး အမြဲအနားမှာနေခဲ့သည်။
ရီဖေးက ကျွန်တော်ပထမဆုံးယုံကြည်မိသော သူဖြစ်တာမို့ လျှိုဝှက်ချက်တွေကို ပထမဆုံး သိခွင့်ရခဲ့တဲ့သူလဲ ဖြစ်သည်။
သာမန်လူသားဖြစ်သည့်ရီဖေးက အသက်အရွယ်ကြီး ရင့်လာ ပြီးအချိန်တန်လို့ နုတ်ဆက်ခါနီးတိုင်း ပြောသွားသည့်စကားက သူ့ကို လိုက်ရှာ ပေးပါတဲ့လေ။
ဘ၀ဆက်တိုင်းကျွန်တော့်ကို အဖော်ပြုပါရစေတဲ့။အစကတော့ သွားခါနီး လူကိုစိတ်ဖြောင့်အောင်လိုက်ရှာပါ့မယ်လို့ ကတိပေးလိုက် ပေမယ့် အဲ့ဒီချိန်ကပေးလိုက်သည့် ကတိစကားက တစ်ကယ်ကို အသက် ၀င်သွားခဲ့သည် ထင်သည်။
ထူးဆန်းစွာဖြင့် ရီဖေးက ဘ၀အသစ်စတိုင်းမှာ ကျွန်တော့်ဆီကို လိုက်မရှာပဲနေရင်တောင် ဆိုက်ဆိုက်မြိုက်မြိုက် တစ်နည်းမဟုတ် တစ်နည်းဖြင့်ရောက်လာတတ်၏။
BINABASA MO ANG
Wish (Complete)
FanfictionZhan ဆိုတာ ကျနော့်အတွက်တော့ အရာရာဖြစ်တည်မှုပါပဲ။ သူဆိုတာမရှိတော့ရင် ကျနော်ဆိုတာ မရှိချင်လောက်အောင်ကို ရူးသွပ်ရသူမို့။ Wang Yibo Wang ဆိုတာ ကိုယ့်အတွက်တော့ ကိုယ်ကိုတိုင် မလွတ်မြောက်ချင်လောက်အောင် န...