ဝမ်ရိပေါ် အိပ်ယာကနိုးတော့ ကျန့် အစား တကုန်းကုန်း အလုပ် ရှုပ်နေသော ဦးထန်းကိုပဲတွေ့လိုက်ရသည်။
"ဦးထန်း.. ဘယ်တုန်းကရောက်လဲ... ကျန့်..ရော.. "
" ပြန်သွားပြီ ရိပေါ်လေးရဲ့... ဒီမှာ ရီဖေးက ဆန်ပြုတ်လှုပ်ပေးလိုက်တယ် Hotel မှာ ခွင့်တောင်းပြီးတောင် တကူးတက လုပ်ပေးရှာတာ ရိပေါ် လေးကြိုက်တယ်ဆိုပြီး... ဦးထန်းက အားနာလို့ တားတာ တောင်မရဘူး .. ရိပေါ်လေး ကံကောင်းတယ် ကြင်နာတတ်တဲ့သူတွေနဲ့တွေ့ရတာ.. ဒါကြောင့် ရိပေါ်လေးက ဂျပန်မှာပျော်တာကိုး.. ဦးထန်းနဲ့ မားစံက တစ်ချိန်လုံးစိတ်ပူနေတာ နေရေးထိုင်ရေး စားရေးသောက်ရေး အဆင် မပြေနေမှာကို .. ခုတော့ စိတ်ချရပြီ.."
"ဟုတ်တယ်..ဦးထန်း ရီဖေးကောက ကျွန်တော့်အတွက် အစ်ကိုဆိုလည်း ဟုတ်တယ်..အဖေတစ်ယောက်ဆိုလည်း ဟုတ်တယ်.. အဲ့ဒါတင်မကဘူး စစ်ကျွေးဆိုလည်း သွေးသားရင်းညီအစ်ကိုလိုပဲ... "
ခေါင်းတငြိမ့်ငြိမ့်ဖြင့် စကားတွေပြောလာသည့် ဦးထန်းကို သူ ဘယ်လောက်ထိဂရုစိုက်ခံရသည့်အကြောင်းကို ၀မ်ရိပေါ် ပြောပြလိုက် သည်။
"ဒါဆို.. ရှောင်ကျန့်ဆိုတာ ကကော.."
"ဟီး.. သူကလား.. ကျန့်က ကျွန်တော့်အတွက် အရာရာပါပဲ ... သူဆိုတာ မရှိရင်တော့ရင် ကျွန်တော်ဆိုတာ မရှိချင်လောက်အောင် လိုအပ်တဲ့သူ.."
"ရိပေါ်လေး လိုချင်တဲ့ဘ၀မျိုးဆိုရင် ဦးထန်းဝမ်းသာပါတယ်.... ၀မ်သခင်ကြီးနဲ့ သခင်မကြီးကတော့ လက်ခံဖို့ ခက်ခဲလိမ့်မယ်.. ဘာပဲဖြစ် ဖြစ် ဦးထန်းနဲ့မားစံက ရိပေါ်လေး ဘက်ကပါပဲ... "
"ဦးထန်းလိုစိတ်မျိုး တစ်ဝက်လောက်သာ ပါးနဲ့မား ကျွန်တော့်ကို နားလည်ပြီး ဂရုစိုက်ပေးရင် သိပ်ကောင်းမှာ..."
"၀မ်သခင်ကြီးနဲ့သခင်မကြီးက ရိပေါ်လေးကို ချစ်ပါတယ်.. ချစ်ပုံခြင်း မတူတာပါ.. "
ကျွန်တော်လည်း ပါးနဲ့မားကိုချစ်ပါသည်။ ဒါကြောင့်လည်း သူတို့တစ်သက်လုံး အားထုတ်ကြိုးပမ်းခဲ့သည့် Wang Group ကို ဆက် ပြီးထိန်းသိမ်းထားနိုင်ဖို့ ကြိုးပမ်းအားထုတ်နေခြင်းပင်။ ကျန့် နဲ့ပတ်သက် ပြီးလည်းပါးနဲ့မားလက်ခံရခက်ခဲမည် ဆိုပေမယ့် တစ်နေ့တော့ လက်ခံ နားလည် ပေးလိမ့်မယ်လို့ ယုံကြည်မိသည်။
BINABASA MO ANG
Wish (Complete)
FanfictionZhan ဆိုတာ ကျနော့်အတွက်တော့ အရာရာဖြစ်တည်မှုပါပဲ။ သူဆိုတာမရှိတော့ရင် ကျနော်ဆိုတာ မရှိချင်လောက်အောင်ကို ရူးသွပ်ရသူမို့။ Wang Yibo Wang ဆိုတာ ကိုယ့်အတွက်တော့ ကိုယ်ကိုတိုင် မလွတ်မြောက်ချင်လောက်အောင် န...