အပိုင်း ( ၃၁ ) Unicode - edit

1.2K 103 2
                                    

ဆရာ၀န်ကြီး အခန်းထဲ၀င်လာတာကြောင့် ရှောင်ကျန့်နှင့်ရီဖေး ပြိုင်တူထရပ်လိုက်မိသည်။ ဆရာ၀န်ကြီးက ထိုင်ဖို့လက်ပြတာမို့ ပြန်ထိုင် လိုက်ကြသည်။ ဆရာ၀န်ကြီးက ရှောင်ကျန့်ကို ကြည့်လိုက် သူ့လက်ထဲ ကိုင်ထားသည့် စာရွက်ကိုကြည့်လိုက်နှင့်တစ်ခုခုကို စဥ်းစားနေသလိုပင်။ ရှောင်ကျန့်အဖို့တော့ စီရင်ချက်ချမယ့် တရားသူကြီးဆီက အဖြေကို စောင့်စားရသလိုမျိုး အသက်ရူဖို့တောင် မေ့နေသည်။

"ဆရာ.. ဘာအဖြေပဲဖြစ်ဖြစ် ကျွန်တော်တို့လက်ခံနိုင်ပါတယ်.."

ရီဖေးက သိချင်လိုစိတ်ပြင်းပြကာ ပြောလိုက်သည်။

"အေးဗျ..ကျွန်တော်ထူးဆန်းတဲ့ဖြစ်ရပ်မို့မယုံနိုင်ဘူး ဖြစ်နေတာ"

'ဘာ... များ..လဲဆရာ.."

သခင်ကြီးက စိတ်လှုပ်ရှားလွန်းလို့ဖြစ်မည် ဘာစကားမှမထွက် လာတာကြောင့် ရီဖေးပဲ စိတ်ပူစွာ မေးလိုက်သည်။)

" ဖန်ပြွန်သန္ဓေသားကတော့ ရာနှုန်းပြည့်အောင်မြင်ပါတယ်... Sean အတွက်ကတော့... ကျွန်တော် ထူးဆန်းနေတယ်ဗျာ.."

"ပြော..ပါဆရာ.. ကျွန်တော်ဘာပဲဖြစ်ဖြစ် လက်ခံနိုင်ပါတယ်.."

အဖြေတစ်ခု အောင်မြင်သွားတယ်ဆိုလို့ ရှောင်ကျန့် စိတ် တစ်၀က် အေးကာ မေးလိုက်သည်။

"Sean ကိုယ်ထဲမှာ သားအိမ်နဲ့အလားသဏ္ဌန်တူတဲ့အရာတစ်ခု ကျွန်တော် စစ်ဆေးတွေ့ရှိခဲ့တယ်.. ပုံမှန်အမျိုးသမီးတွေမှာပါတဲ့ သားအိမ်နဲ့ ပုံစံခြင်း အနည်းငယ်ကွဲပြားနေလို့ကျွန်တော်စိတ်ပူနေတာ။ ယောင်္ကျားလေး တစ်ချို့မှာ ရာခိုင်နှုန်းအားဖြင့်အရမ်းနည်းပြီး မွေးရာပါသားအိမ်ပါ တတ် ပေမယ့် ကျွန်တော့် ဆရာ၀န်သက်တမ်းအရ ဒီပုံစံမျိုးကို ပထမဆုံး မြင်ဖူး ခြင်းပဲ...ဒါကြောင့် ကျွန်တော် အောင်မြင်ပြီးတဲ့ ဖန်ပြွန်သန္ဓေသား လောင်း ကိုအဲ့ထဲထည့်ပြီး ၁၄လောက်ကြာရင် ကိုယ်၀န်ရမရ နဲ့ ရပြီးရင်လည်း ကြီးထွားမှုနှုန်းကို သေချာ စောင့်ကြည့်ချင်တယ်.."

"ဒါဆို... ကျွန်..တော်.. ကိုယ်၀န်ဆောင်လို့ ရနိုင်တာပေါ့‌နော်..ဆရာ.."

Wish (Complete)Where stories live. Discover now