အပိုင်း ( ၂၅ )Unicode - edit

1.2K 101 3
                                    

၀မ်ရိပေါ် တို့ ရုံးရောက်တော့ ပါးနဲ့မား အခန်းကိုသွားကာ စစ်ကျွေးကို မိတ်ဆက်ပေးရင်း နှုတ်ဆက်လိုက်သည်။

" ပါး .မား.. ဒါ စစ်ကျွေးတဲ့ သားခန့်ထားတဲ့ အတွင်းရေးမှူး.."

"ဟုတ်ကဲ့..တွေ့ရတာ ၀မ်းသာပါတယ် CEO "

စစ်ကျွေး ၀မ်လင်မယားကို နှုတ်ဆက်လိုက်သည်။

"သားအတွက် မားတို့က အစစအရာရာတော်တဲ့ အတွင်းရေးမှူး ရှာထားပြီးသား "

"မလိုတော့ဘူး.. မား ကျွန်တော်နဲ့အဆင်ပြေမယ့်သူ ကျွန်တော် ခန့်ပြီးပြီ .. သူ့ကိုတော့ မားတို့အဆင်ပြေတဲ့နေရာ သုံးလိုက်.."

"သား မားတို့ရွေးထားပေးတဲ့သူက အမေရိကားကနေ ဘွဲ့တွေအများ ကြီးရထားတာနော်..."

"မား သားအတွင်းရေးမှူးကလဲ သားနဲ့တူတူ ကျောင်းပြီးထားတာ"

၀မ်မား ပါးစပ်ပိတ်သွားသည်။ ဘာမှဆက်ပြောလို့မရတော့ပေ။ စစ်ကျွေးကတော့ သားအမိနှစ်ယောက် သူ့ကြောင့် ငြင်းခုံနေရတာ မြင်တော့ အနည်းငယ်မျက်နှာပူမိသည်။

သားအမိနှစ်ယောက်ငြင်းခုံနေတုန်း တံခါးခေါက်သံနှင့်အတူ မိန်းခလေးတစ်ယောက်၀င်လာသည်။ ကြည့်ရတာ ၀မ်မားခန့်မည့် အတွင်းရေးမှူး ဖြစ်ပုံရသည်။ တော်တော်လှသည် စစ်ကျွေးမြင်ရတာ ရှင်းမေထက်တောင် ပိုလှတယ်လို့ မြင်မိသည်။

"သမီး နန်စီ ရောက်လာပြီလား.. "

၀မ်မားက မိန်းခလေးကို ၀မ်းသာအားရလှမ်းပြောသည်။

" ပါး မား.. ပြောစရာမရှိတော့ဘူးဆိုတော့ ကျွန်တော် သွားတော့မယ်.. အလုပ်ကိစ္စ အစည်း‌ဝေးကျမှ ပြောကြတာ‌ပေါ့"

၀မ်ရိပေါ် နှုတ်ဆက် ပြီး ထရပ်လိုက်သည်။

" ဒါရိုက်တာ၀မ်ရိပေါ် ရဲ့ အတွင်းရေးမှုးအဖြစ် တာ၀န်ထမ်းဆောင်မှာပါ နန်စီလို့ ခေါ်ပါတယ်"

နန်စီက နိုင်ငံခြားမှာ ကျောင်းတတ်လာတဲ့သူပီပီ ပွင့်လင်းတာမို့ ကိုယ့်ဖာသာ အရင်မိတ်ဆက်လိုက်သည်။

" ဟုတ်ကဲ့ တွေ့ရတာ၀မ်းသာပါတယ် နန်စီ.. ဒါ ကျွန်တော့်အတွင်းရေးမှူး စစ်ကျွေးပါ .. နန်စီအတွက် လိုအပ်တာကို ဒု CEO ၀မ်ကတော်က လုပ်ပေးပါလိမ့်မယ့် .. ခွင့်ပြုပါအုံး.."

Wish (Complete)Where stories live. Discover now