"တီးတောင်.. တီးတောင်"
စောစောစီးစီးဆူညံလွန်းသည့် Bell တီးသံကြောင့် စစ်ကျွေး အိပ်ယာထဲကနေကျိန်ဆဲလိုက်သည်။ဒီအချိန်ကြီး ဘယ်ကောင်လာလက် ကမြင်းနေလဲမသိဘူးဆိုကာပြန်အိပ်လိုက်သည်။မနေ့က ရိပေါ် ဆန်ပြုတ် စားချင်တယ်ဆိုလို့အကောင်းဆုံးဆိုင်က၀ယ်ကျွေးပေမယ့် ကျေးဇူးရှင် က တစ်လုပ်နှစ်လုပ်စားပြီးသည်နှင့်အန်တော့သည်။ အဲ့ဒါနဲ့ ဖေးကောဆီ စာပို့ကာ လုပ်နည်းမေးရသည်။
စစ်ကျွေးတို့ မနေ့ကလည်း အလုပ်များတာကြောင့် အပြန် နောက်ကျတဲ့အပြင် ရိပေါ်ကို ဆန်ပြုတ်လုပ်ပေးဖို့ လိုအပ်တဲ့ဟာ တွေကို ၀င်၀ယ်ရသေးသည်။ စစ်ကျွေးနဲ့ နန်စီ ဖေးကောပို့ပေးထားတဲ့ လုပ်နည်း ကိုကြည့်ကာ ဆန်ပြုတ်တစ်ပန်းကန်ကို ချွေးပြန်အောင် လုပ်ရသည်။ ကြည့်ရင်ဘာမှမဟုတ်တဲ့ငါးဆန်ပြုတ်က လုပ်ရတာ အင်မတန်လက်၀င် သည်။ ငါးကိုမီးကင် ရသေးသည်။ ငါးမီးကင်တဲ့နေရာမှာ မီးကအနေ တော်ဖြစ်ဖို့လည်းလိုပြန်၏။ ကင်လိုက် တူးလိုက်နဲ့ နန်စီနှင့်စစ်ကျွေး ငါးကင်တာနဲ့ကိုတင် တော်တော်တိုင်ပတ် နေသည်။
နောက်ဆုံး စစ်ကျွေးနဲ့ နန်စီ အောင်မြင်စွာ ဆန်ပြုတ်တစ် ပန်းကန်လုပ်အပြီးမှာ ရိပေါ်ကို ကျွေးတော့ ရီဖေးကောလက်ရာနဲ့ မတူ ဘူးတဲ့လေ။ ပုံမှန် စိတ်နဲ့သာဆို ထသာဆဲလိုက်ချင်သည်။
ဒါပေမယ့် ရိပေါ်က ကျွန်တော်တို့ပင်ပင်ပမ်းပမ်း လုပ်ထား တာကို မြင်တော့ အားနာလို့ ဖြစ်မည်။ အရသာရှိတယ်ဆိုပြီး ကုန်အောင် စားရှာသည်။ ပြီးလဲပြီးရော.. တစ်ညလုံးကို အန်ပါလေရော ။
ရိပေါ်ကို စောင့်ကြည့်ပေးနေတာနဲ့ ညကအိပ်ရာ၀င် နောက်ကျ တာကြောင့် မျက်စိဖွင့်မရအောင် အိပ်ချင်နေမိသည်။ အိပ်ချင်ပါတယ် ဆိုမှ ဖုန်းက တဂွီဂွီမြည်လာပြန်သည်။ စစ်ကျွေး စိတ်တိုက မျက်စိမဖွင့်ပဲ ဖုန်းကိုင်ကာ အော်ပစ်လိုက်သည်။
"စောစောစီးစီး ဘယ်သူလဲကွ လူလိုနားမလည်ဘူးလား .."
"ဘေဘီ.. တံခါးမြန်မြန်လာဖွင့် "
ရီဖေးကို မနေ့က စစ်ကျွေးက ဆန်ပြုတ်လုပ်နည်းလှမ်းတောင်း တာမို့ အခြေအနေကို သခင်ကြီးပြောပြလိုက်တော့ ရီဖေးကို ချက်ချင်း လိုက်သွားခိုင်းသည်။ သခင်ကြီးက သူကကျန်းမာနေတာပဲ သူ့ကို ကြည့် ပေးမယ့် အိုမီစံရှိတယ်ဆိုကာ ရီဖေးကို အတင်းသွားခိုင်းသည်။ အိုမီစံကို သေချာဂရုစိုက်ပေးဖို့မှာပြီး ညလေယာဥ်နဲ့လိုက်လာတာ ပေကျင်းကို ရောက်တော့ မနက်လေးနာရီပဲရှိသေးသည်။
YOU ARE READING
Wish (Complete)
FanfictionZhan ဆိုတာ ကျနော့်အတွက်တော့ အရာရာဖြစ်တည်မှုပါပဲ။ သူဆိုတာမရှိတော့ရင် ကျနော်ဆိုတာ မရှိချင်လောက်အောင်ကို ရူးသွပ်ရသူမို့။ Wang Yibo Wang ဆိုတာ ကိုယ့်အတွက်တော့ ကိုယ်ကိုတိုင် မလွတ်မြောက်ချင်လောက်အောင် န...