ရှောင်ကျန့် ၀မ်ရိပေါ်နဲ့အတူ ညစာစားဖို့ ပြင်ခိုင်းပြီး စောစော ပြန်လာခဲ့ပေမယ့် စိတ်ဆိုးပြီး ပြန်သွားသောကောင်လေးကြောင့် စားချင် စိတ်လဲမရှိတော့တာမို့ အခန်းထဲ၀င်ကာ အိပ်ယာပေါ် လှဲနေလိုက်သည်။ မျက်လုံးမှိတ်ကာပိတ်ထားပေမယ့် အာရုံထဲမှာ ပေါ်နေသည့် ကောင်လေး ၏ပုံရိပ်၊ ပြီးတော့ ရင်ထဲမှာလည်း ဟာလာဟင်းလင်းနဲ့ လစ်ဟာ နေသလို စိတ်တွေကလည်းခဲဆွဲထားသလိုလေးလံလွန်းလှသည်။
အချိန်တိုလေးအတွင်းမှာ ကောင်လေးက သူ့စိတ်ထဲ အဲ့လောက် တောင်လွှမ်းမိုးသွားနိုင်လွန်းတာကို မယုံနိုင်အောင် ဖြစ်မိသည်။
ကောင်လေးစိတ်ဆိုးပြီး ပြန်သွားတာလည်းကောင်းတာပဲ ဘာမှ ဆက်နွယ်စရာမရှိတော့ဘူးလို့ ရှောင်ကျန့် စိတ်သက်သာအောင်တွေး လိုက်ပေမယ့် လေးလံနေသောစိတ်က လျော့သွားခြင်းမရှိ။ ငြိတွယ်မိမှာ ကြောက်လွန်းသည့်သူကိုယ်တိုင်က မငြိတွယ်မိသေးတာကိုပဲ အလိုမကျ ချင်လိုလို။ ကောင်လေး မင်းလွန်နေပြီ ကိုယ့်အာရုံတွေကို လာစား နေတာပဲ။ မင်းက ဘာလဲကွာ... ရှောင်ကျန့် စိတ်အလိုမှုတွေကို တွန်းထုတ် လိုက်ပြီး အိပ်ပျော်ဖို့ ကြိုးစားလိုက်သည်။
" ဒေါက်..ဒေါက်.. သခင်ကြီး "
" ပြော... ရီဖေး.. ဘာကိစ္စလဲ... "
ရီဖေးရဲ့ ခေါ်သံကြောင့် အခန်းထဲကနေ ရှောင်ကျန့် ခပ်ဆက် ဆက်ပြန်ထူးလိုက်သည်။
"လီဖန်ဖုန်းဆက်လာတယ် သခင်ကြီး....ပေါ်လေး..ဆိုင်ကယ် လာယူ တယ်လို့ "
"အေး..ပေးလိုက်ပေါ့.. သူပစ္စည်း သူယူတာပဲဟာ... "
ရှောင်ကျန့် စိတ်က မကြည်ရသည့်ကြားထဲ ဘာမဟုတ်တာ လေးကို သူ့ကိုလာပြောရကောင်းမလားဆိုပြီး ဘုတောပစ်လိုက်သည်။
"ဟို ..ပေါ်လေး.. အရမ်းမူးနေတယ်တဲ့ ..သခင်ကြီး..အဲ့ဒါ ဆိုင်ကယ်နဲ့...."
ရီဖေး စကားတောင်မဆုံးလိုက် "ဘာ... " ဆိုသည့်လေသံနှင့် အတူအခန်းတံခါး၀ုန်းကနဲပွင့်သွားသည်။
" လီဖန်ကို ပြောလိုက် .. ၀မ်ရိပေါ်ကို ထွက်မသွားစေနဲ့ "
သခင်ကြီးတစ်ယောက် လှေကားကနေ ကသုတ်ကရုတ်ဆင်း သွားရင်းအော်ပြောကာ ကားမောင်းထွက်သွားသည်။
YOU ARE READING
Wish (Complete)
FanfictionZhan ဆိုတာ ကျနော့်အတွက်တော့ အရာရာဖြစ်တည်မှုပါပဲ။ သူဆိုတာမရှိတော့ရင် ကျနော်ဆိုတာ မရှိချင်လောက်အောင်ကို ရူးသွပ်ရသူမို့။ Wang Yibo Wang ဆိုတာ ကိုယ့်အတွက်တော့ ကိုယ်ကိုတိုင် မလွတ်မြောက်ချင်လောက်အောင် န...