အပိုင်း ( ၁၁ ) Unicode - edit

1.4K 130 4
                                    

"အေး..အဆင်ပြေတယ်မလား.. သဲလွန်စမကျန်စေနဲ့ သေချာလုပ် "

ဟွားမင်တစ်ယောက် ဖုန်းပြောပြီး ကျေနပ်စွာ ရီလိုက်သည်။ နောက်လ ရှယ်ယာရှင်အစည်းအ‌ဝေးမလုပ်ခင် ၀မ်ရိပေါ် မင်္ဂလာကိစ္စ စီစဥ်မှာ သိထားတာကြောင့် နဲနဲလောက် ပါးပါးပုတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ ခုဆို ၀မ်ရိပေါ် တစ်ယောက် ဆေးရုံရောက်လို့ မင်္ဂလာပွဲလည်း အော်တိုနောက်ဆုတ်ပြီးသွားဖြစ်သွားလိမ့်မည်။

ဟွားမင် တစ်ယောက်အကြံအောင်၍ ကျိတ်ပြီးပျော်နေမိသည်။ ဒီတခါ ရှယ်ယာရှင်အစည်းအဝေးပွဲမှာ CEO နေရာကို ပြန်ရွေးကြမှာ ဖြစ်သည်။ ၃နှစ်ကိုတစ်ကြိမ် ပြန်လုပ်တိုင်း ပြန်ရွေးတိုင်း သူ့ဦးလေး ဖြစ်သူ ၀မ်ရိပေါ်အဖေကသာ ရှယ်ယာအများဆုံးဖြစ်ပြီး လုပ်ရည် ကိုင်ရည် ကျွမ်းကျင်တာကြောင့် နှစ်ပေါင်းများစွာ CEOနေရာကို ပိုင်ဆိုင် ထားသည်။

ခုတော့ ၀မ်ရိပေါ်အရွယ်ရောက်လာတော့ CEO နေရာကို လွှဲ ပြောင်းပေးမှာဖြစ်သည်။ ဒါကြောင့် ဟွားမင်က သူတို့လူယုံကို အသုံး ချကာမသာသည့်နည်းဖြင့် ရှယ်ယာအနည်းငယ် ရထားလိုက်သည်။ တစ်ချို့ ဒါရိုက်တာတွေကိုလည်း သူစည်းရုံးထားတာမို့ ဒီတစ်ခေါက် CEO နေရာက ၀မ်ဟွားမင်အတွက်ပဲ ကျိန်းသေဖြစ်ရမည်။

အဲ့ဒီအတွက် ၀မ်ရိပေါ် မင်္ဂလာပွဲကို သူနှောက်ယှက်မှဖြစ်မည်။ ဒါရိုက်တာ၀ူက သူ့သမီးကိုလက်ထပ်ပွဲပြီးလျှင် သားမက်ဖြစ်သူကို ရှယ်ယာအချို့လက်ဖွဲ့အဖြစ်လွဲပြောင်းပေးမယ်ဆိုသည့်အတွင်းသတင်း ဟွားမင်ရထားသော ကြောင့် ဖြစ်သည်။

...................

"ဘာ.. ဘယ်လို ..ပေါ်လေး ဘာဖြစ်သွားလေးလဲ စစ်ကျွေး.. အေးအေး.. သေချာဂရုစိုက်သွား.. သိရတာနဲ့ ချက်ချင်းဆက်ပေးနော် ကော သခင်ကြီးကို ပြောပြီးလိုက်လာခဲ့မယ်.. "

စစ်ကျွေး နှင့်ဖုန်းပြောပြီး ရီဖေး တုန်ရီစွာထိုင်ချလိုက်သည်။ ပေါ်လေး ဆိုင်ကယ်မှောက်ပြီး ဆေးရုံရောက်နေတယ်လို့ သူလွှတ်ထား သော လူယုံကဖုန်းဆက်လာသည်တဲ့လေ။ ကြည့်ရတာ လုပ်ကြံခံရတဲ့ပုံစံ လို့ပြောလာသည်။ စစ်ကျွေးက သူ့လူယုံတစ်ချို့ကိုခေါ်ကာ အကြောင်း အရင်းစုံစမ်းဖို့အတွက် ချက်ချင်းလိုက်သွားတာမို့ လေယာဥ်ပေါ် မတက် ခင် သူ့ကိုဖုန်းဆက်ပြောခြင်းဖြစ်သည်။

Wish (Complete)Where stories live. Discover now