အပိုင်း ( ၁၉ ) Unicode - edit

1.3K 123 1
                                    

"ရီဖေးကောရဲ့ လက်ရာတွေ ကျွန်တော်လွမ်းနေတာ"

ထမင်းစား၀ိုင်းမှာ စားရင်းနှင့် ၀မ်ရိပေါ်က ပါးနဲ့မားကို ဖုန်းပြော ဖြစ်တဲ့အကြောင်းတွေ ပြောဖြစ်သည်။ ကျန့်နှင့် ရီဖေးကောက သူပြော သမျှကို ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် နား‌ထောင်ပေသည်။ စကားပြောရင်း စစ်ကျွေးတစ်ကောင် ရီဖေးကောကို ဆက်ဆံပုံကို ကြည့်မိတော့ ၀မ်ရိပေါ် စိတ်ထဲမသင်္ကာဖြစ်လာသည်။

"ဟေ့ရောင် စစ်ကျွေး မင်း.. ငါ့ကောနဲ့ ‌ဝေးဝေးထိုင်စမ်း... "

ရီဖေးကော ပန်းကန်ထဲ ဟင်းတွေထည့်ပေးပြီး ကြည့်နေသည့် စစ်ကျွေး မျက်လုံးတွေကြောင့် ၀မ်ရိပေါ် အော်လိုက်သည်။

"ဟ.. နေရင်းထိုင်ရင်း ဘာလာဖြစ်နေတာလဲ ၀မ်ချေကောင်.."

စစ်ကျွေးကလဲ မခံ ပြန်အော်သည်။

"မင်း..ရီဖေးကော အပေါ် မရိုးသားဘူး..ငါသိတယ်နော် လဒကောင် စစ်ကျွေး... ကော..ဒီဖက်လာ သူ့နားမသွားနဲ့.."

" ဟီးး..ရိပေါ်.. မင်း မြွေအချင်းချင်း ခြေမြင်သားပဲ... "

"ဘာ..... မင်း ငါ့ကောကို ထိဖို့ မစဥ်းစားနဲ့နော်.. စစ်ကျွေး.. သူငယ်ချင်း ဖြစ်လည်း ငါသီးခံနေမှာမဟုတ်ဘူး "

စစ်ကျွေးနှင့် ၀မ်ရိပေါ် သတ်နေပေမယ့် ရှောင်ကျန့်က ပြုံးပြီး ကြည့်နေသလို ရီဖေးကတော့ ရှက်ပြီးခေါင်းကြီးငုံ့လို့...။

"ဖေးကော.. ပြောလိုက်လေ.. ဘေဘီတို့က ချစ်နေတာလို့.."

စစ်ကျွေးတစ်ယောက်မနိုင်တော့ ရီဖေးကောကို မျက်နှာငယ် လေး လုပ်ကာ စစ်ကူတောင်းသည်။

"ဘာကွ... ချီးးဘေဘီလား... မင်း..သေဖို့သာပြင်.. ရီဖေးကော.. ပြောစမ်း ပါ.. ကျွန်တော့်ကို အဲ့ကောင် ကောကို ဘာလုပ်လဲ.."

၀မ်ရိပေါ်တစ်ယောက် ဒေါသူပုန်ထနေသည်။ ရီဖေးကောဆိုတာ ၀မ်ရိပေါ်အတွက် နောက်ထပ်တစ်ယောက်ထပ်မရှိနိုင်တဲ့ တန်ဖိုးထား ချစ်ရသည့် အစ်ကိုတစ်ယောက်မို့ စစ်ကျွေးကအချစ်ဆုံး သူငယ်ချင်း ဖြစ်ပေမယ့်လည်း ဒေါသထွက်နေမိသည်။

"ပေါ်လေး..စိတ်လျော့.. ကောကို စစ်ကျွေးက ဘာမှလုပ်ပါဘူး.. ဒါပေမယ့် ပေါ်လေး ကောတို့ကို နားလည်ပေးမယ် မဟုတ်လား."

Wish (Complete)Where stories live. Discover now