အပိုင်း ( ၂၀ ) Unicode - edit

1.4K 123 5
                                    

ရှောင်ကျန့် လက်ကို ဆွဲပြီးထွက်ခဲ့သည့် ၀မ်ရိပေါ် စိတ်အလို မကျမှုကြောင့် မျက်နှာကတင်းမာနေပေမယ့် ကားပေါ်တက်ခါနီး ရှောင်ကျန့်ကို ကားတံခါးဖွင့်ပေးဖို့မမေ့သလို ခေါင်းစောင့်မိမှာစိုးလို့ လက်နှင့်မသိမသာကာထားပေးဖို့လဲ မမေ့ပေ။ ကားခါးပတ်ကို ကိုယ်တိုင် ဆွဲကာ ပတ်ပေးလိုက်ပြီး အပန်းဖြေစံအိမ်ကို မောင်းခဲ့လိုက်သည်။

ရှောင်ကျန့်ကတော့ ၀မ်ရိပေါ်လုပ်ပေးသမျှကို တိတ်ဆိတ်စွာ ခံယူရင်း ငြိမ်သက်စွာလိုက်လာခဲ့လိုက်သည်။ ၀မ်ရိပေါ်က သူ့ထက် အများကြီးငယ်ပေမယ့် ရှောင်ကျန့်ကိုဆို လူကြီးလေးတစ်ယောက်လို အသေးစိတ်ကအစ ဂရုစိုက်ပေးတတ်၏။ ၀မ်ရိပေါ်၏ဒီလိုဂရုစိုက် တတ်ခြင်းက ခုလိုချစ်သူဖြစ်မှမဟုတ် အရင် ရှောင်ကျန့် ရိပေါ် ကို အေးစက်စွာဆက်ဆံစဥ်ကတည်းကဖြစ်သည်။

ရှောင်ကျန့်က ရိပေါ်ကို လိုအပ်တာထက် ပိုပြီး ငြိတွယ်မိမှာ စိုး၍တစ်ခါတရံ ရိပေါ်ကို ဆက်ဆံပုံကအေးဆက်ခဲ့၏။ ရိပေါ်က မသိချင် ယောင်ဆောင်ကာ သူ့အကျင့်အတိုင်း သူလုပ်ချင်တာ လုပ်တက်စမြဲပင်။ ၀မ်ရိပေါ်ကို အေးတိအေးစက်ဆက်ဆံရမှာက ရှောင်ကျန့် အလုပ်ဆိုရင် ရှောင်ကျန့်ကိုကလေးတစ်ယောက်လို ဂရုစိုက်ချင်သည့် အလုပ်က ၀မ်ရိပေါ်အလုပ်လို့ ယူဆထားပုံပင်။

အဲ့ဒါတွေကြောင့်ပဲ ရှောင်ကျန့်ဟာ ၀မ်ရိပေါ်ကို မသိစိတ်က တိမ်းညွှတ်မှန်းမသိ ပိုပိုတိမ်းညွှတ်လာမိတာဖြစ်ပြီး ၀မ်ရိပေါ်၏ လွှမ်းမိုး မှုတွေကို လိုလိုလားလား လက်ခံမိတာဖြစ်မည်။ ရှောင်ကျန့် မသိတာက အတင်းပိတ်ထားသောတံခါးကို အတင်းတွန်းဖွင့်ဖို့ ကြိုးစားတာထက် ပိုင်ရှင်ကလိုလိုလားလား ဖွင့်ပေးချင်လာအောင် လုပ်သည့်၀မ်ရိပေါ်၏ ကြိုးစားမှုဆိုတာ။

၀မ်ရိပေါ်ကရီဖေးတို့နှင့်ဆိုရင် အငယ်စိတ်ဖြင့် ကလေး တစ်ယောက်လိုဆိုးတက်သည်။ ရှောင်ကျန့်နှင့်ပတ်သက်ရင်တော့ သူ့ ကိုယ်သူအကြီး တစ်ယောက်လိုခံယူထားသည်။ ဒါဟာ ၀မ်ရိပေါ်၏ ရှောင်ကျန့် အပေါ် ထားသော ချစ်ခြင်းဟာ ဦးဆောင်လိုသည့် စိတ်ကိုဖော်ပြနေခြင်းဖြစ်၏။

Wish (Complete)Where stories live. Discover now