အပိုင်း ( ၁ ) Unicode edit

7.9K 296 20
                                    

မီးရောင်မှုန်ပြပြအောက်မှာ ကဗျာဆန်ဆန် လှုပ်ရှားနေသည့် လက်ချောင်းသွယ်သွယ်လေးများကသေသပ်လှပလွန်း၏။ Shaker ထဲကို ထည့်ရမည့် ၀ီစကီတွေ အချိုးကျကျ ပေါင်းစပ်ပြီး ရှိတ်နေသည့်ပုံလေး မသိရင်ကပြနေသယောင်ထင်မိသည်။ပြီးဆုံးတော့ Glass ထဲကိုထည့်ပြီး သောက်သုံးသူလက်ထဲ ယမကာ ခွက်လေးနှင့်အတူ အပြုံးတစ်ပွင့်ထပ် ထည့်ပေးပြန်၏။

တစ်ယောက်ပြီးတစ်ယောက်၊တစ်ခွက်ပြီးတစ်ခွက် သောက်သုံး သူတွေနှင့် ဖျော်ရသည့် ယမကာအမည်တွေသာ ပြောင်းလဲသွားသည်။ သူ၏ဟန်ပန်အမူအယာတွေ၊ သက်၀င်လှုပ်ရှားမှုတွေကတော့ ပြောင်းလဲ မသွားပေ။

မီးရောင်အောက်ကအရည်လဲ့နေသည့် သပိတ်လွယ်ဌက်ပုံစံ မျက်၀န်းသွယ်လေး၊ တစ်ချက်တစ်ချက်သဘောကျပြီး မျက်၀န်းတွေ ပိတ်ကျသွားသည်အထိ ရီမောလိုက်လျှင် ပေါ်လာသော ယုန်သွား ဖြူဖြူလေး...။

အထူးခြားဆုံးက နှုတ်ခမ်းပါးလေးအောက်က ထင်ရှားစွာရှိနေ သည့်မှဲ့နက်လေး။ ထိုသူက ယောကျ်ားပီသသောမေးရိုးတွေကိုပါ ပိုင်ဆိုင် ထားပြန်သည်။

လိုလို့လား.....? အဲ့လောက် လှဖို့..။ ယောင်္ကျားလေးတစ်ယောက် အတွက်ချောသည်ဆိုသည့်စကားလုံးကိုပဲ သုံးသင့်သည်ဆိုပေမယ့် ဒီလူ့ အတွက်ကတော့"လှသည်"ဆိုသည့် စကားလုံးနှင့် ပိုပြီး လိုက်ဖက် နေ၏။ အစိတ်အပိုင်း တစ်ခုစီတိုင်းက အကြည့်ခံနိုင်လောက်အောင် လှသည့် အလှမျိုးမို့ ...။

အင်း... သူက Bartender တစ်ယောက်။ ဂျပန်နိုင်ငံ Osaka မြို့ မှာရှိသည့် Monster Club & Bar ၏ နာမည်ကြီး Bartender။ သူ့နာမည် ခေါ်သံကြားမိတာကတော့ Sean တဲ့။ သူဖျော်ပေးသောယမကာကပဲ ကောင်းလွန်းတာလား။ ၀န်ဆောင်မှု ပေးသောအပြုံးတွေကပဲ ရစ်မူးစေ တာလားတော့မသိဘူး သူရှိတဲ့ရက်တွေဆို ဘားကလူအပြည့်။

၀မ်ရိပေါ် ဒီဘားကိုလာတာ ဒီနေ့နဲ့ဆို ၈ကြိမ်မြောက်နေ့...။ ၀မ်ရိပေါ် သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့မှာဆွဲခေါ်ခံရပြီး စိတ်မပါစွာ ဖြင့် ဒီဘားကိုရောက်လာခဲ့ပေမယ့် နောက်နေ့တွေမှာ အချိန်တန်လာရင် ကိုယ့်ခြေထောက်တွေကဒီဘားကိုပဲဦးတည်မိပြန်၏။ ရောက်လာပြန်ရင် လည်း သူ့ကိုမြင်နိုင်သည့် အမှောင်ကျသော ဒေါင့်တစ်ဒေါင့် မှာထိုင်ရင်း သူဖျော်ပေးသည့်ယမကာတစ်ခွက်ပြီးတစ်ခွက်ကို ဇိမ်ခံသောက်ရင်း အမြည်းကတော့ သူအပြုံးတွေနဲ့ပေါ့...။

Wish (Complete)Donde viven las historias. Descúbrelo ahora