အပိုင်း ( ရ ) Zawgyi -edit

756 27 0
                                    

ဝမ်ရိပေါ် ရေချိုးခန်းထဲက ထွက်လာတော့ စားပွဲပေါ်က အ၀ါရောင် Note pad ပေါ်က"ကိုယ့်အခန်းမှာ စောင့်နေမယ်" ဆိုသည့်စာသားလေးကြောင့် နှုတ်ခမ်းတို့အလိုအလျောက်ပြုံးသွားသည်။ အ၀တ်အစားအမြန်ဝတ်ကာ ထွက်လာလိုက်ပြီး အခန်းတံခါးဝမှာ အသာ ရပ်ပြီးတံခါးခေါက် လိုက်သည်။

" ၀င်ခဲ့လေ " ဆိုသည့်တုန့်ပြန်သံလေးကြောင့် ဖွင့်ဝင် လိုက်သည်။ ဆိုဖာပေါ် စာကြည့်မျက်မှန်လေးနှင့် စာဖတ်နေသည့် လူကြီးပုံစံလေးကလည်း တစ်မျိုးကြည့်ကောင်းနေပြန်သည်။

"ဒီမှာ လာထိုင်လေ " ဆိုပြီး သူ့နံဘေးက နေရာလွတ်ကို ပုတ်ပြလာတာမို့ အကြည့်လွှဲကာ မျက်နှာကို ဆူပုတ်ပြီး ထိုင်လိုက်သည်။ အမှန်ကအချော့ခံချင်နေတဲ့စိတ်ကို မချော့ခင် ပျော့ကျမသွားအောင်မာန် တင်း နေရခြင်းဖြစ်သည်။

" ဆံပင်အရောင်နဲ့ ပုံစံ ပြောင်းလိုက်တာလား "

မေးခွန်းနှင့်အတူ ၀မ်ရိပေါ် ဆံပင်တွေကို ထိတွေ့လာသော လက်ချောင်းသွယ်သွယ်လေးတွေကြောင့် ဒီလူကြီး င့ါကိုဂရုစိုက်သားပဲ ဆိုသည့် အတွေးဝင်လာမိပြီး ကြည်နူးမိပြန်၏။

"အင်း.. ဒီနေ့မှ အချိန်ရလို့ ..လုပ်ငန်းခွင်ဝင်နေတော့ လူမရိုသေမှာစိုးလို့ "

ကိုယ့်အကြောင်းသာကိုယ်သိမို့မလုံမလဲဖြစ်ကာရှင်းပြမိသည်။ ၀မ်ရိ‌ပေါ်မပီသလိုက်တာနော်။ရှောင်ကျန့် သူ့ကိုစိတ်ကောက်ကာ မျက်နှာကြီးပုတ်သိုးထားပြီး လူကြီးပုံစံဖမ်းချင်နေသည့် ကလေးလေးကို သူ့မျက်စိထဲမှာတော့ ကလေး ဆန်သော မျက်နှာလေးက ပြောင်းလဲမသွားပေ။

"ကိုယ့်ကို စိတ်ကောက်နေတာလား "

စကားတွေ သွယ်ဝိုက်ကာ မပြောတက်သူမို့ ရှောင်ကျန့်မေးလိုက်သည်။

"ကောက်စရာလား... ကျွန်တော်က ယောကျာ်းလေးလေ.."

လွယ်လွယ်ကူကူ ၀န်ခံရင် ၀မ်ရိပေါ် မဟုတ်ပေ။

"အဲ့ဒါဆို ဘာလို့ ကိုယ့်ကို ကြည့်ပြီး စကားမပြောတာလဲ .."

"စိတ်မကောင်းဖြစ်တာပါ.. ခင်ဗျာက ကျွန်တော့်ကို မျက်နှာလွဲခဲပစ် ထားသွားတာကိုး "

Wish (Complete)Donde viven las historias. Descúbrelo ahora