အပိုင်း ( ၂ရ ) Zawgyi - edit

547 24 3
                                    

ဒီနေ့မနက် ထုံးစံအတိုင်း ၀မ်ရိပေါ် တို့ သုံးယောက် Hotel ကနေထွက်လာပြီး ကုန်တိုက်ရှေ့ရောက်သည်နှင့် ကုန်တိုက် တာဝန်ခံက အားရ၀မ်းသာမျက်နှာကြီးဖြင့် ဆီးကြိုနေ၏။ ကုန်တိုက်ထဲ မှာလည်း ပုံမှန်ထက်ကို လူတွေများနေတာကြောင့် ဒီနေ့ ဘာနေ့ပါလိမ့်လို့ ၀မ်ရိပေါ် တွေးလိုက်မိသည်။

"ဒါရိုက်တာဝမ် ကျေးဇူးကြောင့် ကုန်တိုက်လူစည်ကားနေပြီ "

ကားပေါ်က ဆင်းဆင်းခြင်း တာဝန်ခံပြောလာတဲ့ စကားကြောင့် ၀မ်ရိပေါ် ဘာလို့လဲဆိုတဲ့ အကြည့်နဲ့ ကြည့်မိသည်။

" မနေ့က xxxx ဆိုင်က ၀တ်စုံတစ်စုံဝတ်သွားတဲ့အမျိုးသမီးလေ.. ခု သူပြန်လာပြီးငွေရှင်းနေတယ်..ဒီလူတွေကလည်းသူ့ကြောင့် လာတာ..."

" ၀ိုး.. နားလည်ပြီ... ဖြောက်.. "

ဝမ်ရိပေါ် လက်ဖြောက်တချက်တီးပြီး ကုန်တိုက်ထဲဝင်လာ လိုက်ပြီး မနေ့ကဆိုင်ကို တန်းသွားလိုက်သည်။

ဆိုင်ရှေ့မျာ လူတွေ တစ်ပုံကြီး တန်းစီနေကြသည်။ ဆိုင် မန်နေဂျာက သူ့ကိုတွေ့တာနှင့်ထွက်လာနုတ်ဆက်ပြီး မနေ့က အမျိုးသမီး ရောက်နေကြောင်းပြောပြသည်။ ဆိုင်ထဲဝင်လာသည့် ၀မ်ရိပေါ်ကို အမျိုးသမီးကတွေ့သွားပြီ သူ့ဆီပြုံးကာ လျှောက်လာသည်။

"ဒါရိုက်တာဝမ်က လူချောရုံမကဘူး အမြင်လဲအရမ်းတော်တယ်နော်.. မနေ့က ဒါရိုက်တာဝမ့်ကျေးဇူးကြောင့် မကြားတာကြာတဲ့ ချီးကျူးစကား တွေ ကြားခဲ့ရလို့ အင်္ကျီဖိုးလာရှင်းရင်း ကျေးဇူးတင်စကားပြောချင်လို့ စောင့်နေတာပါ.."

"ဘယ်ကလာ .. ဒီက အမကို ကျွန်တော်ကပြန်ပြီးတောင် ကျေးဇူးတင် ရမှာပါ..။အမကျေးဇူးကြောင့် ကျွန်တော့်ကုန်တိုက် ပိုစည်ကားသွားလို့.. ကျေးဇူးတင်ပါတယ်.. အဲ့ဒီအတွက် အဲ့ဝတ်စုံလေးကို လက်ဆောင် ပြန်ပေးပါရစေ.. လက်ခံပေးပါ..."

ဝမ်ရိပေါ် ဆိုင်ဝန်ထမ်းကို ငွေပြန်ပေးဖို့မှာပြီး ဆိုင်ရှေ့မှာတန်းစီ စောင့်ဆိုင်းနေသည့် လူတွေဖက်ကိုကြည့်ရင်း ပြောလိုက်သည်။

"၀ယ်သူအပေါင်းတို့ခဗျာ.. ဒီကုန်တိုက်မှာ ရှိတဲ့ဆိုင်အားလုံးက အ၀တ် အစားတွေရဲ့ အရည်အသွေးကို အာမခံပါတယ်.. ဒါကြောင့် တစ်နေရာ တဲမှာ အချိန်ကြာ စောင့်ဆိုင်းနေမယ့်အစား တခြားဆိုင် တွေကိုလဲ ၀င်ပြီး စိတ်ကြိုက်ရွေးယူကြည့်ပါ..စိတ်မပျက်စေရပါဘူး..လူကြီးမင်းတို့ တန်ဖိုး ရှိတဲ့အချိန်ကို ကျွန်တော့်ကုန်တိုက်မှာ လာအသုံးပြုပေးတဲ့ အတွက် ဘာဝယ်ဝယ် ၅ရာခိုင်နှုန်း လျော့ချပေးပြီး ၀န်ဆောင်မှု ပေးသွား မှာပါ... အားလုံးအဆင်ပြေကြပါစေ.."

Wish (Complete)Where stories live. Discover now