အပိုင်း ( ၂၃ ) Unicode - edit

1.2K 109 6
                                    

ရှောင်ကျန့် ရိပေါ် ပြန်ရမှာသိပေမယ့် တမင်မသိချင်ယောင် ဆောင်နေခဲ့ခြင်းဖြစ်သည်။ သူမျက်နှာမကောင်းရင် ကျန်တဲ့သူတွေလဲ ပျော်နိုင်မှာ မဟုတ်တာကိုသိသည်။ ရိပေါ်မိဘတွေကို ကတိပေးထား ခဲ့တဲ့အတိုင်း မခွဲချင်ပေမယ့်လည်း ခွဲရအုံးမည်။ ရိပေါ်ကို အရင်တခါလို အန္တရာယ်ကြုံမှာကိုလည်း စိတ်ပူမိသည်။ ရိပေါ် အသက်အန္တရယ်ကနေ နှစ်ခါတိတိတောင် ကြုံခဲ့ရတာလေ ရှောင်ကျန့် စိတ်မပူပဲနေမလား ။

၀မ်ရိပေါ် ခုပြန်မှာ သူ့မိဘရင်ခွင်ဆိုပေမယ့် ရှောင်ကျန့်အတွက် က‌တော့ မြွေတွင်း၀မှာ တန်းထိုးပြီး ရိပေါ်ကို ဖြတ်လျှောက်ခိုင်းရ သလိုမျိုးခံစားရသည်။ ရိပေါ်ပဲ မတော်တဆ ခြေချော်ပြီး မြွေတွင်းထဲ ကျသွားမလား။ ဒါမှမဟုတ် အောက်ကမြွေတွေကပဲ ရိပေါ်ကို ခုန်ပေါက် ဆွဲချသွားမလားဆိုတဲ့ စိုးရိမ်စိတ်မျိုး။

၀မ်ရိပေါ် မိဘတွေက သားကို အန္တာရယ်မဖြစ်စေမှာ ကျိန်းသေ ပေမယ့် သူတို့စမ်းသပ်မယ့်အရာတွေက ရိပေါ်ကို ဘယ်လို သက်ရောက် မှုရှိနေမယ်ဆိုတာကို ‌ရှောင်ကျန့် ကြိုမသိနိုင်ဘူးလေ။ သေချာတာက သူ ရိပေါ်ကို သုံးခါမြောက် အန္တရာယ်ဖြစ်ဖို့ ခွင့်မပြုနိုင်ဘူးဆိုတာပင်။

" ကျန့်..."

ရှောင်ကျန့် ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်ရင်း အတွေးလွန်နေစဥ် ခါးကိုဖက်တွယ်လာသည့် လက်တစ်စုံနှင့် ကျောပေါ် ကို ကျလာသော နှုတ်ခမ်းနွေးနွေးလေးက အင်္ကျီခံနေတာတောင် ခံစားလို့ ရသည်။

" ၀မ်.. ကိုယ့်ကြောင့် ထမင်းစားပျက်သွားတာလား "

"ဟင့်အင်း.. ကျန့် ကျွန်တော်တို့ ဘယ်သူမှမသိနိုင်တဲ့နေရာမှာ သွားနေ ကြရအောင်.."

နဂိုကမှ ၀မ်ရိပေါ်ကပြန်ချင်တာမဟုတ် စိတ်ထဲရှိတဲ့အတိုင်း သာဆို ကျန့်နဲ့အတူ ထွက်သွားလိုက်ချင်သည်။

"ကိုယ် ကတိတည်ချင်တယ် ၀မ်.. မင်းမိဘတွေဖြစ်နေလို့.. "

"ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ယုံကြည်မယ်မလား.. ကျန့် .."

၀မ်ရိပေါ် ပေကျင်းပြန်သွားရင် ပါးနှင့်မားက သူ့သဘောအတိုင်း လွှတ်ထားမှာမဟုတ်တာကို ကြိုသိနေခြင်းကြောင့်ဖြစ်သည်။

Wish (Complete)Donde viven las historias. Descúbrelo ahora