အပိုင်း ( ၁၈ ) Unicode - edit

1.3K 114 2
                                    

"စစ်ကျွေး ..ကော ကိုဘယ်ထိဆွဲထားမလို့တုန်း ..လွှတ်အုံးလေ "

"လွှတ်ဘူး.. တစ်သက်လုံးဆွဲထားမှာ "

"အမ်... "

" ကော.. ကျွန်တော့်ကိုလည်း ဂရုစိုက်ပါအုံး... အဲ့လိုမှန်းသိရင် ဓါးတစ် ချက် လောက်အထိုးခံရအောင်လုပ်လာပါတယ် "

ကြောင်အအဖြစ်နေသော ရီဖေးကောကို စစ်ကျွေး ဂရုစိုက် ခံချင်၍ တမင်စလိုက်သည်။

"တော်စမ်း... စစ်ကျွေး.. အဲ့လိုပြောမယ့်အစား ငါ့ကို ထိုးလိုက်ပါ တော့လား"

ရီဖေး ဒေါသထွက်ကာ အော်ပစ်လိုက်သည်။

"ကော.. စိတ်မဆိုးပါနဲ့ ကျွန်တော် စလိုက်တာပါ"

မျက်နှာကြီးရဲကာ ရီဖေးကော တစ်ကယ်စိတ်ဆိုးသွားတာမို့ စစ်ကျွေး တောင်းပန်လိုက်သည်။

"လာ..ထိုင်စမ်း လူဆိုးကောင် မင်းကို ဂရုမစိုက်ဘူးလို့ ဘာလို့ ထင်နေတာလဲ .."

ရီဖေး .. စစ်ကျွေးကို ခုံမှာထိုင်ခိုင်းလိုက်ပြီး မျက်နှာမှာ ရထား သည့်ဒဏ်ရာပေါ်ကိုဂွမ်းမှာ အရက်ပြန် စွတ်ကာ သုတ်လိမ်းလိုက်သည်။

"အားးး စပ်တယ်..ဖေးကော..ကလဲ ဒေါနချည်းပဲ... ကျွန်တော်က ချစ်လို့စမိတာကို "

စစ်ကျွေး ဖွင့်ပြောဖို့ မစဥ်းစားထားပေမယ့် ရုတ်တရက် သူ့ အလိုလို ထွက်သွားတဲ့စကားကြောင့် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ ရီဖေးကောလဲ ရှက်သွားကာ မျက်နှာကို ဟိုဖက် လှည့်သွားသည်။

"ဖေးကော.. ကျွန်တော့်ကို စိတ်ဆိုးလား.."

စစ်ကျွေးလဲ မထူးတော့တာမို့ ရှေ့ဆက်တိုးဖို့ ကြိုးစားလိုက်သည်။

"မ..ဆိုး..ပါဘူး.. မင်းစတာပဲဟာ..ကော ရေသွားချိုးလိုက်အုံးမယ်"

ရီဖေး ရှက်ပြီး မျက်နှာပူရှိန်းရှိန်းဖြစ်လာတာမို့ စစ်ကျွေး မျက်နှာ ကိုမကြည့်ပဲဖြေကာ နေရာမှထွက်သွားဖို့ ပြင်လိုက်သည်။

"ကော.. ဒါစတာမဟုတ်ဘူး..တစ်ကယ်ချစ်တာပါဆို.."

စစ်ကျွေး စောင့်အောင့်ပြောကာ ထွက်သွားဖို့ပြင်သည့် ရီဖေး ကောလက်ကို စောင့်ဆွဲလိုက်သည်။ သူ့ကိုယ်ပေါ်ကို ပြုတ်ကျလာသည့် ကိုယ်လုံးလေးကို အသာလေး လှမ်းထိန်းထားလိုက်သည်။

Wish (Complete)Where stories live. Discover now