စစ်ကျွေး၊ ရီဖေးကော နှင့် နန်စီ CEO အခန်းထဲမှာ စောင့်ဆိုင်း နေခြင်းဖြစ်သည်။ နန်စီ နှင့် ရာရာက လက်ထပ်ပြီး အင်္ဂလန် ကနေပြန် လာကာ Wang Group မှာ အလုပ်ပြန်ဝင် သလို စစ်ကျွေးကလည်း Osaka နဲ့ Wang Group မှာ တစ်လှည့်ဆီ သွားလိုက်လာလိုက် လုပ်နေရသည်။
စစ်ကျွေးက Osaka မှာပဲ နေတာများပြီး အစည်းအဝေးနဲ့ အရေးကြီးကိစ္စရှိမှ ပေကျင်းကိုလာသည်။ ခုလည်း CEO က အရေး တကြီး ဖေးကော ကိုပါခေါ်ပြီးလာခဲ့ပါဆိုတာကြောင့် ရောက်နေခြင်း ဖြစ်သည်။
"နန်စီ.. ဘာအရေးကြီးကိစ္စဆိုတာ နင်မသိဘူးလား.. "
စစ်ကျွေးက သိချင်စိတ်ကို အောင့်အီးမထားနိုင်တဲ့သူပီပီ မေး လိုက်သည်။
" မသိဘူးလေဟာ.. ငါလဲ နင်နဲ့တူတူ ခေါ်ခံရတာပဲ.. ရီဖေးကောကိုပါ ခေါ်တယ်ဆိုတော့ ၀မ်ပေါက်လေး ကိစ္စများလား.."
နှစ်ယောက်သားထုံးစံအတိုင်း ထင်ကြေးအမျိုးမျိုးနဲ့ ဆွေးနွေး နေပေမယ့် ရီဖေးကတော့ နှုတ်ဆိတ်လို့သာနေလိုက်သည်။
"ဟယ်လို.. ဒါရိုက်တာ စစ်ကျွေး.. ဒါရိုက်တာ နန်စီ.."
တံခါးဖွင့်သံနှင့် အတူ နှုတ်ဆက်လာတာကြောင့်....
"ရိပေါ်...ချစ်ဆုံး.. ဘယ်တုန်းကရောက်နေတာလဲ.. လဒ ငါ့ကိုဖုန်းတောင် မဆက်ဘူး.." စစ်ကျွေး အော်ကာ နှုတ်ဆက်လိုက်ပြီး ပြေးဖက်လိုက်သည်။
"အေးလေ.. ရိပေါ်.. အစုတ်ပလုတ်ကောင် ငါတို့ကို ပစ်ထားတယ်.."
နန်စီ လည်း ၀င်စွာလိုက်သည်။
"ရီဖေး.. နေကောင်းတယ်မလား.."
"သခင်ကြီး.. သတိရနေတာ.. "
"ရီဖေးကော.. ပေါ်ပေါ့်ကိုကော မလွမ်းဘူးလား.."
" လွမ်းတာပေါ့.. ပေါ်လေးရ.."
"ကဲ..ကဲ.. အားလုံးအံ့သြ၀မ်းသာသွားအောင် တမင်မပြောပဲ ခေါ်လိုက် တာ..ပြောစရာလေးတွေလဲ ရှိတာနဲ့.. "
CEO Wang က သူတို့လင်မယားအလုပ်က အနားယူမည့် အကြောင်းနှင့် CEO နေရာနဲ့ ဒု CEO နေရာကို ရိပေါ် နဲ့ ရှောင်ကျန့်က ဆက်ပြီးတာဝန်ယူမည်ဆိုသည့် အကြောင်းပြောကာ တိုင်ပင်ဆွေးနွေး ကြသည်။
BẠN ĐANG ĐỌC
Wish (Complete)
FanfictionZhan ဆိုတာ ကျနော့်အတွက်တော့ အရာရာဖြစ်တည်မှုပါပဲ။ သူဆိုတာမရှိတော့ရင် ကျနော်ဆိုတာ မရှိချင်လောက်အောင်ကို ရူးသွပ်ရသူမို့။ Wang Yibo Wang ဆိုတာ ကိုယ့်အတွက်တော့ ကိုယ်ကိုတိုင် မလွတ်မြောက်ချင်လောက်အောင် န...