part-3🔞

23.7K 695 34
                                    

ဒီလိုနဲ့ ပဲ အရှုပ်ထုပ်လေးရဲ့ အခန်းထဲကိုရောက်လာခဲ့တယ်
အခန်းလေးက ကျဉ်းတယ်ဆိုပေမဲ့လည်း ပစ္စည်းတွေက နေရာတကျထား ထားတော့ ကြည့်ရတာသန့်ရှင်းလှသည်
ကျွန်တော်လဲ ဆက်ကြည့်လိုက်တော့ ကုတင်က အခန်းရဲ့ထောင့်စွန်းမှာ ကုတင်ကလည်း တစ်ယောက်စာသာသာ လေးသာရှိသည်

" ရိပေါ် မင်းဒီနေ့ ကြည့်လို့ပြီးအုန်းမှာလား  "

" ငါ့ဘာသာငါမျက်စိနဲ့ ငါကြည့်တာလေ အရှုပ်ထုပ်လေးက ဘာဖစ်လို့လဲ "

စကားပြောတာကအစ တစ်စက်ကလေးမှအချိုးမပြေအခုငါ့အိမ်မှာရောက်နေတယ် ဆိုတာကရော သတိရရဲ့လားမသိဘူး
အဲ့တာတွေထားလိုက်ပါတော့ ငါဒီနေ့ စာတွေရေးရအုန်းမယ်

" ဘာမဖစ်ဘူး မင်းသွားအိပ်ချင်သွားအိပ်တော့ ပြီးတော့ငါ့နာမည်က အရှုပ်ထုပ်လေးမဟုတ်ဘူး Xiao Zhan လို့ခေါ် "

သူ့ကိုအရှုပ်ထုပ်လေးလို့မခေါ်စေချင်ဘူးပဲ

" အဲ့ဒီလိုဆိုတော့လဲ  ငါမခေါ်တော့ဘူး လေ ဒါ မဲ့အပေးယူတစ်ခုတော့ ရှိတယ် ငါမင်းကို အရှုပ်ထုပ်လေးလို့ မခေါ်တော့ဘူး မင်းလဲ ငါ့ကိုရိပေါ်လို့မခေါ်နဲ့ "

WTF  ဘယ်လို ကောင်မှန်းမသိဘူး 
ဒီလိုနဲ့ ရစ်နေတာနဲ့ မိုးလင်းသွားတော့မယ့်ကိန်းပဲ 

" ရိပေါ်မင်းဟာလေ တစ်စက်ကလေး မှအချိုးမပြေဘူး သိလား "

" အဲ့ဒီ အချိုးမပြေတဲ့ ကောင်ကို ဘယ်သူကအရင်လိုက်ရှုပ်ခဲ့တာလဲ "


ကျွန်တော်ပြောလိုက်တော့ သူ့မျက်စောင်းလေးနဲ့ ကျွန်တော့်ကို ထိုးလိုက်သည် ပြီးတော့ ဘာမှပြန်မပြောဘဲ ကုတင်ရှိရာသို့သူလျှောက်သွားသည် ကုတင်ပေါ်က ခေါင်းအုံးတစ်လုံး ကိုကောက်ယူ ပြီး ကျွန်တော့်ကိုသူစကားဆိုလိုက်သည်

" မင်းကုတင်ပေါ်မှာအိပ် ငါက ခုံပေါ်မှာအိပ်မယ် "

" ဟေးဟေး ဘာလို့မင်းက ခုံပေါ်မှာအိပ်ရမှာလဲ ကုတင်ပေါ်မှာပဲအတူတူအိပ်ကြမယ်လေ "

" မင်းမမြင်ဘူးလား ငါ့ကုတင်က တစ်ယောက်စာပဲရှိတယ် ငါတို့နှစ်ယောက်အတူတူဘယ်လိုအိပ်မလဲ "

My Author (complete)Where stories live. Discover now