ကျွန်တော်နိုးလာတော့ အရင်းဆုံးလိုက်ရှာမိတဲ့သူက ကိုကိုပင် အခန်းတစ်ခန်းလုံးပတ်ရှာကြည့်မိသော်လည်း
ကိုကို့အရိပ်ယောင်တောင်မတွေ့ရပေ ကိုကိုက ကျွန်တော့်ကိုထားသွားပြီးလား မဖစ်နိုင်တာ* ကိုကိုက အိမ်ခဏပြန်သွားတာနေမှာပါလေ ငါဘာတွေလျှောက်တွေးနေတာပါလိမ့် *
ကိုယ့်ကိုကိုယ်ပြန်ပြီးနှစ်သိပ့်ရင်း ကိုကိုအလာကို ထိုင်စောင့်နေပြန်သည်
ကျွန်တော်ကုတင်ပေါ်မှာထိုင်စောင့်နေရင်း အခန်းထဲကိုလူတစ်ယောက်ဝင်လာတော့ ကိုကိုဆိုတဲ့မျှော်လင့်ချက်နဲ့ ပြုံးလိုက်မိချိန်မှာ သူက nurse တစ်ယောက်ဖစ်နေခဲ့သည်
* လူနာတောင်သတိရနေပြီးကို ဘယ်လိုနေသေးလဲ ဒဏ်ရာကနာနေသေးလား *
* မနာတော့ပါဘူး ဟိုလေကျွန်တော်မေးစရာရှိလို့ ကျွန်တော့်ကိုဆေးရုံခေါ်လာပေးတဲ့ တစ်ယောက်ကိုတွေ့မိသေးလား *
ကျွန်တော်အားကိုးတစ်ကြီးနဲ့မေးလိုက်တော့ ထို nurse မလေးက စာအိတ်တစ်ခုကိုသူ့အိတ်ကပ်ထဲကနေထုတ်လာခဲ့သည်
* အော် ကျွန်မလဲမေ့နေတာ ရှင်နိုးလာရင် ဒီစာအိတ်လေးပေးပေးပါဆိုလို့ အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်က ပေးသွားတယ် ရှင့်ကိုဆေးရုံလာပို့တဲ့ သူကျတော့ အဲ့ဒီအမျိုးသမီးနဲ့ပဲလိုက်ပြန်သွားတာ ကျွန်မတွေ့လိုက်တယ်*
* အော် ဟုတ်ကဲ့ ကျေးဇူးပါ *
* တစ်ခုခုလိုအပ်တာရှိရင်ဒီခလုတ်ကိုနှိပ်လိုက်ပါ အခုတော့သွားခွင့်ပြုပါအုန်း*
* ဟုတ်ကဲ့ *
nurse မလဲထွက်သွားပြီး ကျွန်တော့်လက်ထဲကစာအိတ်ကို ဖွင့်ဖောက်ကာဖတ်ကြည့်မိသည်
....... 💬 ငယ် ကိုယ်လေ ငယ့်ကိုအရမ်းချစ်တာပဲ ငယ်သိလား
ငယ်မရှိရင် ကိုယ်မနေနိုင်ဘူး ငယ်
ငယ်နဲ့ဝေးရမှာ ကိုယ်သိပ့်ကြောက်နေခဲ့တာ
အခုဒီစာကိုငယ်ဖတ်နေတဲ့အချိန်မှာ ကိုယ်ငယ့်ဘေးနားမှာရှိနေနိုင်မှာ မဟုတ်တော့ဘူး
STAI LEGGENDO
My Author (complete)
Fanfictionသင်ဟာ အင်နိုးစန့်  လေးဆိုရင် ဒီ Fic ကိုကျော်သွားပါ🌚🌚🌚❌❌❌