ဖန်သားပြင်ပေါ်မှာ တစ်လုံးချင်းစီပေါ်လာသောစကားလုံးတွေကရိပေါ်နဲ့ ရှောင်ကျန့် တို့နှစ်ယောက်လုံး ကိုမျက်ရည်မထိန်းနိုင်လောက်အောင် ဝမ်းနည်းကြေကွဲစေတာကအမှန်ပေ
'ဒီအတိုင်း စာဖတ်နေရတာတောင် ဒီလောက်ခံစားနေရမယ်ဆိုရင် ကာယကံရှင်ဖစ်တဲ့ ဝေ့ရင်းနဲ့ လန်ကျန့်သာဆိုရင် ဘယ်လောက်တောင်နာကျင်ပြီးခံစားနေရမလဲလို့ သာ '
ရှောင်ကျန့်တစ်ယောက်တွေးပြီး စိတ်မကောင်းဖစ်နေလေသည်
ထို့နောက် သူတို့ရဲ့နံဘေးမှာ ရပ်နေတဲ့အဖြူရောင်ဝိဉာဉ်လေးဆီက ရှိုက်သံယဲ့ယဲ့ကိုကြားလိုက်ရသည်
" Babe "
" Darling ဟင့်သူတို့နှစ်ယောက်ကအရမ်းသနားဖို့ကောင်းတယ် Babe
လေ ဒီလိုရင်နစ်စရာကောင်းတဲ့အဖစ်ပျက်မျိုးကိုသိခွင့်ရမယ်လို့ မထင်ထားဘူး "အရမ်းဝမ်းနည်းပြီး ဝေ့ရင်းနဲ့လန်ကျန့်တို့အတွက် စိတ်မကောင်းဖစ်နေတဲ့ Babe ကိုကျွန်တော့်ရင်ခွင်ထဲဆွဲသွင်းလိုက်သည်
ကျွန်တော်လဲ ထပ်တူဝမ်းနည်းရပါတယ် ခဏအကြာတော့ အခြေနေအားလုံးက ပြန်လည်ငြိမ်သတ်သွားခဲ့သည်
လေပြင်းတွေလဲမတိုက်ခတ်တော့သလို ရှိုက်သံယဲ့ယဲ့လေးတွေကိုလဲ မကြားရတော့ပေ မှောင်မိုက်နေတဲ့အခန်းက အလင်းတွေ ပုံမှန်ပြန်ရပြီး နဂိုအတိုင်းပြန်ဖစ် ကုန်သည်ဝေ့ရင်းကျွန်တော်တို့ ဘေးနားမှာမရှိတော့ဘူးထင်တယ်
လို့တွေးနေတုန်းရှိသေး ကီးဘုတ်လေးက
တစ်ချက်ချက်နဲ့လှုပ်လာသည်* အဖစ်ပျက်အားလုံးကို သိပြီးပြီးဆိုတော့ ငါတောင်းဆိုစရာတစ်ခုရှိတယ် *
ပေါ်လာတဲ့စာကြောင်းလေးတွေ ကိုကြည့်ပြီး ကျွန်တော်နဲ့ Babe လဲ တစ်ယောက် မျက်နှာတစ်ယောက်ပြန်ကြည့်ကာ ခေါင်းညှိတ်ပြ သည်
" ပြောပါ ငါတို့ဘာလုပ်ပေးရမလဲ"
ကျွန်တော်ပြန်ပြောလိုက်တော့ ကီးဘုတ်လေးတွေက တစ်ချက်ချက်နဲ့ပြန်လှုပ်လာသည်
* ငါ့ရဲ့ အိမ်မက်က စာရေးဆရာတစ်ယောက်ဖစ်ချင်ဖို့နဲ့ ကိုကိုနဲ့ အတူပျော်ပျော်ရွှင်ရွှင်နေရဖို့ပါပဲ
YOU ARE READING
My Author (complete)
Fanfictionသင်ဟာ အင်နိုးစန့်  လေးဆိုရင် ဒီ Fic ကိုကျော်သွားပါ🌚🌚🌚❌❌❌