ညက ကျွန်တော့်အိမ်မက်ထဲကို သူရောက်လာသည် Babe ကြောက်နေမှာဆိုးလို့ ကျွန်တော်လဲ ဘာမပြောလိုက်ပေ သေချာတာတော့ ဒီအိမ်ကြီးထဲမှာ မကျွတ်မလွတ်တဲ့ ဝိဥာဉ်ကောင်လေးနှစ်ယောက်ရှိနေတာကိုပင်
ဒီအိမ်ရဲ့ ခြံစောင့်အဖိုးကိုသွားမေးရင် သိနိုင်မယ်လို့ ကျွန်တော်ထင်တယ် ပြီးမှ သွားမေးတော့မယ်လေ အခုတော့ အိပ်နေတဲ့ Babe ကိုသွားခေါ်နှိုးရအုန်းမည်
ကျွန်တော်လဲ အခန်းတံခါးကိုဆွဲဖွင့်လိုက်ချိန် စောင်ပုံကြားမှာကွေးကွေးလေး အိပ်နေတဲ့ Babe ကိုကြည့်ပြီး ကျွန်တော်အသည်းတွေယားလာခဲ့သည်
ကုတင်ပေါ်တက်ထိုင်လိုက်ကာ Babe ရဲ့ ဖောင်းမို့နေတဲ့ ပါးကလေးကို နမ်းရှိုက်လိုက်သောအခါ
တစ်ဆိတ် Babe ပါးလေးတွေနွေးနေပါလား
ကျွန်တော်လဲ Babe နဖူးကိုလက်ကလေးနဲ့စမ်းလိုက်တော့ ကိုယ်တွေ ပူနေတာပဲ ဖျားနေပြီးထင်တယ်
မသေချာမှာကြောက်လို့ စူထွက်နေတဲ့ နှူတ်ခမ်းလေးကို ငုံ့ကြည့်လိုက်တော့ နွေးနေလေသည်
ဟုတ်သားပဲ Babe ဖျားနေပြီး
"Babe Babe ထအုန်း "
"ဟင့် Darling မျက်လုံးမဖွင့်ချင်ဘူး နေရတာတစ်မျိုးကြီး ပဲ "
"Babe က ဖျားနေပြီးကို လိမ်မာပါတယ် ထတော့နော်ဆက်အိပ်နေရင်ပိုဆိုးမယ် ကိုယ် Doctor ဆီဖုန်းဆက်ပေးမယ်နော် ထတော့ "
" ဟင့်အင်း ဟင့်အင်း မဆက်နဲ့ "
" မဆက်လို့မရဘူးလေ နေမကောင်းတာကို ဆေးထိုးဆေးသောက်မှ ပျောက်မှာပေါ့ "
" Babe ဆေးမထိုးချင်ဘူး ဆေးလဲ မသောက်ချင်ဘူး "" Babe မဆိုးနဲ့ ဖျားနေတာကို "
အခု Darling က ကျွန်တော့်ကိုအော်လိုက်တာလား ကျွန်တော် အရမ်းဆိုးမိသွားလား Darling ကျွန်တော့်အပေါ်စိတ်ကုန်နေပြီးလား ဟင့်
" ဟင့် ဟင့် "
ကျွန်တော်လဲ စိတ်ပူလွန်းလို့ အသံကျယ်ကျယ်နဲ့ပြောလိုက်မိတော့ Babe ဆီက ရှိက်သံယဲ့ယဲ့လေးထွက်လာခဲ့သည်
YOU ARE READING
My Author (complete)
Fanfictionသင်ဟာ အင်နိုးစန့်  လေးဆိုရင် ဒီ Fic ကိုကျော်သွားပါ🌚🌚🌚❌❌❌