uni

6.5K 587 63
                                    

"Darling ဒီအိမ်ကြီးမှာလေ တစ်ခုခုရှိတယ်လို့မထင်ဘူးလားဟင်"

Babe ကကျွန်တော့်ရင်ခွင်ထဲကနေ မျက်နှာကိုမော့ ကြည့်ကာ မေးလာသည်  ကျွန်တော်လဲ Babe နဖူးလေးကိုငုံ့ကာနမ်းလိုက်ပြီး

" Babe  ကရော တစ်ခုခုရှိနေတယ်လို့ထင်လား "

" အင်း Darling ဒီအိမ်ကြီးထဲမှာ လေ သရဲတွေဘာတွေရှိနေလားမသိဘူး "

Babe စကားကြောင့်ကျွန်တော်ဟက်ဟက်ဗက်ဗက်ရယ်လိုက်မိသည်

" ဟားဟား  Babe ကဒီအိမ်ကြီးထဲမှာ သရဲရှိ တယ်ထင်နေတာပေါ့ ဟားဟား "

" Darling ....  မရယ်နေနဲ့ Babe တစ်ကယ်ပြောနေတာ နေ့လည်ကလေ Babe စာရိုက်တော့ Babe ရိုက်ချင်တဲ့ စာမပေါ်ဘဲ တစ်ခြားစကားလုံးတွေပေါ်နေတာ   " 

" Babe ရာအဲ့တာ ကီးဘုတ်တွေကြောင်သွားလို့နေမှာပေါ့ "

" မဟုတ်ဘူး Babe တစ်ကယ်ပြောနေတာ Darling
Babe တို့အိမ်ပြောင်းရအောင်နော် ဒီအိမ်ကြီးထဲမှာ မနေချင်ဘူး "

Babeကအိမ်ပြောင်းရအောင်တဲ့ ဒါမဲ့ သရဲတွေဆိုတာ တစ်ကယ်ရှိလိူ့လားရှိတယ်ပဲထားပါတော့  ဒီအိမ်ကြီးထဲမှာ သရဲရှိတယ်လို့မကြားဖူးပါဘူး

" Babe ကိုယ်တို့ သရဲ တစ်ကယ် ရှိမရှိစမ်းသပ်ကြမလား "

" ဟင့်အင်း ကြောက်တယ် "

" ကိုယ့်ကို ယုံလား ကိုယ်ရှိတယ်ဘာမကြောက်နဲ့  "

" ဒါမဲ့... "

ကျွန်တော်ကြောက်သည်   ဒီအိမ်မှာ တစ်ခုခုရှိကိုရှိရမည် Darling ပြောသလို စမ်းသပ်ရင်ကောင်းမလား
တစ်ကယ်လို့ ရှိရင်ရော

"Babe ကိုယ်ပြောတာကြားလား  ကိုယ်တို့စမ်းကြည့်မယ်လေ "

" ဟုတ် ဘယ် ဘယ်လိုစမ်းကြမလဲ "

" ကိုယ်ပြောသလိုလုပ် "

ကျွန်တော်လဲ စိတ်ကိုတင်းထားကာ Darling ခေါ်ရာနောက် လိုက်သွားတော့သည်
ဧည့်ခန်းထဲရောက်တော့ Darling က မီးတွေအကုန်ဖွင့် လိုက်သည်

ညသန်းခေါင်ယံ ကိုမရောက်သေးပေမဲ့ 12 ထိုးဖို့ 5မိနစ်သာလိုသည်

ခွေးတွေကလဲ အရင်နေ့တွေထက်ကြူနေသည်   ကျွန်တော့်လက်က အမွှေးလေးတွေ ထောင်လာသည်
Darling ကကျွန်တော့်ကို ပြုံးပြနေပေမဲ့ ကျွန်တော်တစ်ကယ်ကြောက်နေသေးသည်

My Author (complete)Where stories live. Discover now