uni

5.6K 531 47
                                    

    " ကျန်းချန် ဝမ်နင်း မင်းတို့သူငယ်ချင်းအပေါ်တက်သွားတာပျောက်ပါလေရော သွားခေါ်စမ်းပါ အန်တီပြောစရာရှိလို့ "

" ဟုတ် အန်တီ "

ရှောင်ကျန့် အမေစေခိုင်းမှူကြောင့် ကျန်းချန်နဲ့ ဝမ်နင်းလဲ ရိပေါ်နဲ့ ရှောင်ကျန်းကိုခေါ်ဖို့ တက်လာခဲ့ကြတော့တယ်

အခန်းရှေ့ရောက်တော့

" အ့ Darling နာတယ် "

" Bae အရမ်းနာနေလား  ဒီတစ်ခေါက်ကျမှကွာ ခဏလေးနော်ကိုယ်ထည့်ပေးနေတာ ပြီးတော့မယ် "

" အ့ ဟင့် ဟင့် "

အခန်းထဲက အသံတွေကြောင့် ကျန်းချန်နဲ့ ဝမ်နင်းလဲ မျက်လုံးပြူးကာတစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး

" ဟျောင့်မင်းကြားတယ်မလား "

"အေးကြားတယ် ကွက်တိပဲကွာ နောက်မို့ဆို ငါတို့ဒီအသံလေးတွေကို လက်လွှတ်ရမှာ ဟားဟား "

" ဟျောင့်တိုးတိုးရီဟ ခဏနေ ကြားသွားအုန်းမယ် " 

ဆိုပြီး နှစ်ယောက်သားအခန်းတံခါးနားမှာနားလေးကိုစွေ့ ပြီး ဆက်နားထောင်နေကြလေရဲ့

" ဟင့် Darling ထည့်လို့မပြီးသေးဘူးလား ဟင့် "

" ပြီးတော့မှာပါ Bae ကလဲ အပေါက်လေးက သေးနေတော့ သေချာချိန်ပြီး ထည့်နေရတယ်  "

" ဟင့် အဲ့ဆိုလဲ မထည့်နဲ့တော့ "

" မထည့်နဲ့ရမလားခဏနေ ကိုယ့် Bae လေး နာလို့ညည်းနေမှဖြင့် "

........

" အမရေ ဟိုနှစ်ကောင်ကို သွားပေးခေါ်ခိုင်းလိုက်တာ ပျောက်ရော  ဒီကောင်လေးတွေနဲ့ တော့ ခက်ပါရဲ့ "

" ညီမရယ် ထားလိုက်ပါ လာလာ အမတို့ပဲ သားတို့ကိုသွားခေါ်တော့မယ် "

အောက်မှာစောင့်နေကြတဲ့ ရိပေါ်အမေနဲ့ ရှောင်ကျန်းအမေလဲ
အပေါ်ထက်သို့လိုက်တက်လာကြတော့သည်

လှေကားထောင့်နားရောက်တော့ ရိပေါ်တို့ အခန်းရှေ့မှာ ကုန်းကုန်းကွကွ လုပ်နေတဲ့ ကျန်းချန်နဲ့ ဝမ်နင်း

" ဟိုနှစ်ကောင် လာလုပ်နေတာလဲ အဲ့မှာ "

ရှောင်ကျန်းအမေလဲ အော်လိုက်တော့  ဝမ်နင်းက

My Author (complete)Where stories live. Discover now