ညက ကျွန်တော်သောင်းကျန်းထားတဲ့ အရှိန်နဲ့မို့လားမသိ
မနက်မိုးလင်းတော့ Babe လေးက ကိုယ်လေးက ပူနွေးနေတာရယ် ကျွန်တော်လဲ ကမန်းကတမ်းထကာ ရေဇလုံနဲ့ အဝတ်တစ်ခု ယူကာ နဖူးလေးပေါ်ကပ်လိုက် လည်တိုင်လေးကို သုတ်ပေးလိုက် ရင်ဘတ်ပေါ်သုတ်ပေးလိုက်နဲ့ တစ်ယောက်ထဲအလုပ်ရှုပ်နေတော့သည်" အင်း ဟင်း ချမ်းတယ် "
" ကျွစ် ကျွစ် Babe အဖျားကျအောင်သုတ်ရမယ်လေ "
ဖင်လေးကိုပုပ်ပုပ်ပြီး ချော့မြူလိုက်တော့ပြန်ငြိမ်ကျသွားသော အကောင်ပေါက်လေး
" Daddy Daddy "
" ဖန်ဖန် တိုးတိုး မင်း PaPa နေမကောင်းဘူး လာ Daddy နားမှာလာထိုင် "
ဖန်ဖန်လေးက သိတတ်နားလည်တဲ့အရွယ်ရောက်နေပြီးဖစ်တဲ့အတွက် ကျွန်တော်တစ်ခွန်းပဲ ပြောလိုက်တော့ အနားမှာ လာထိုင်ကာ သူ့ PaPa လက်ကလေးကိုဆုပ်ကိုင်ထားလေသည်
" Daddy PaPa ကဘာလို့ နေမကောင်းဖစ်တာလဲ ဟင် "
ညက Daddy တက်ဂျိန်းထားလို့ပေါ့ လို့ ခလေးကိုမပြောပါဘူးလေ
" Pa Pa. က ပင်ပန်းသွားလို့နေမကောင်းဖစ်တာပေါ့ "
လို့ပြောလိုက်တော့
" Pa Pa က ဘာလို့ ပင်ပန်းတာလဲ Daddy"
တဲ့ အရစ်ကိုရှည်တယ်ခလေးစုတ် မျက်လုံးကလဲ ပေကလက်ပေကလက်နဲ့
" အလုပ်တွေ လုပ်ရလို့ ပင်ပန်းတာပေါ့ ဖန်ဖန်ရဲ့ "
" အော် ဟုတ်လား Daddy Pa Pa သနားပါတယ်
Daddy ကလဲ PaPa ကိုသိပ့်မခိုင်းပါနဲ့ ညညဆိုလဲ PaPa ကထထအော်နေတာ ဖန်ဖန်ကြားတယ် "" ဖန်ဖန် အဲ့တာက ဘာမဟုတ်ဘူး ခိုးခိုးနားထောင်မနေနဲ့ ကြားလား မင်း PaPa ကအိမ်မက်မက်နေတာ အိမ်မက်ထဲမှာ နတ်သား လေးက မင်းPaPa ပေါ်တက်ခွနေလို့ အော်နေတာ"
" ဟုတ် Daddy သားသားက ခိုးနားမထောင်ပါဘူး PaPa အသံက ကျယ်တော့ သားအခန်းထဲထိကြားတယ် "
" နောက်ဆို နားပိတ်ထားနော်အဲ့လိုအသံတွေကြားရင် "
" ဟုတ် Daddy "
" လိမ်မာလိုက်တာ "
ဟူးတော်ပါသေးရဲ့ ဒီကလေးနဲ့တော့ မလွယ်ဘူး မလွယ်ဘူး
အခုလောလောဆယ်တော့ Babe မျက်နှာလေး ကြည့်ပြီးကျွန်တော့်မှာ စိတ်မကောင်းဖစ်နေရလေသည်
နှူတ်ခမ်းလေးက လဲ နီရဲပြီး ပါးလေးတွေကလဲ ပန်းရောင်သန်း နေလေရဲ့
ကျွန်တော့်အပြစ်တွေပါလေ
YOU ARE READING
My Author (complete)
Fanfictionသင်ဟာ အင်နိုးစန့်  လေးဆိုရင် ဒီ Fic ကိုကျော်သွားပါ🌚🌚🌚❌❌❌