part-23

4K 201 26
                                    

ဖန်သားပြင်ပေါ်မှာ တစ်လုံးချင်းစီပေါ်လာသောစကားလုံးတွေကရိပေါ်နဲ့ ရှောင်ကျန့်  တို့နှစ်ယောက်လုံး ကိုမျက်ရည်မထိန်းနိုင်လောက်အောင် ဝမ်းနည်းကြေကွဲစေတာကအမှန်ပေ 

'ဒီအတိုင်း စာဖတ်နေရတာတောင်  ဒီလောက်ခံစားနေရမယ်ဆိုရင်  ကာယကံရှင်ဖစ်တဲ့ ဝေ့ရင်းနဲ့ လန်ကျန့်သာဆိုရင် ဘယ်လောက်တောင်နာကျင်ပြီးခံစားနေရမလဲလို့ သာ '

ရှောင်ကျန့်တစ်ယောက်တွေးပြီး စိတ်မကောင်းဖစ်နေလေသည်

ထို့် နောက် သူတို့ရဲ့နံဘေးမှာ ရပ်နေတဲ့အဖြူရောင်ဝိဥာဉ်လေးဆီက ရှိုက်သံယဲ့ယဲ့ကိုကြားလိုက်ရသည်

" Babe " 

" Darling ဟင့်သူတို့နှစ်ယောက်ကအရမ်းသနားဖို့ကောင်းတယ် Babe
လေ  ဒီလိုရင်နစ်စရာကောင်းတဲ့အဖစ်ပျက်မျိုးကိုသိခွင့်ရမယ်လို့ မထင်ထားဘူး " 

အရမ်းဝမ်းနည်းပြီး ဝေ့ရင်းနဲ့လန်ကျန့်တို့အတွက် စိတ်မကောင်းဖစ်နေတဲ့ Babe ကိုကျွန်တော့်ရင်ခွင်ထဲဆွဲသွင်းလိုက်သည်

ကျွန်တော်လဲ ထပ်တူဝမ်းနည်းရပါတယ် ခဏအကြာတော့ အခြေနေအားလုံးက ပြန်လည်ငြိမ်သတ်သွားခဲ့သည် 
လေပြင်းတွေလဲမတိုက်ခတ်တော့သလို ရှိုက်သံယဲ့ယဲ့လေးတွေကိုလဲ မကြားရတော့ပေ  မှောင်မိုက်နေတဲ့အခန်းက အလင်းတွေ ပုံမှန်ပြန်ရပြီး နဂိုအတိုင်းပြန်ဖစ် ကုန်သည်

ဝေ့ရင်းကျွန်တော်တို့ ဘေးနားမှာမရှိတော့ဘူးထင်တယ်

လို့တွေးနေတုန်းရှိသေး ကီးဘုတ်လေးက
တစ်ချက်ချက်နဲ့လှုပ်လာသည်

* အဖစ်ပျက်အားလုံးကို သိပြီးပြီးဆိုတော့  ငါတောင်းဆိုစရာတစ်ခုရှိတယ် * 

ပေါ်လာတဲ့စာကြောင်းလေးတွေ ကိုကြည့်ပြီး ကျွန်တော်နဲ့ Babe လဲ တစ်ယောက် မျက်နှာတစ်ယောက်ပြန်ကြည့်ကာ ခေါင်းညှိတ်ပြ သည်

" ပြောပါ ငါတို့ဘာလုပ်ပေးရမလဲ"

ကျွန်တော်ပြန်ပြောလိုက်တော့ ကီးဘုတ်လေးတွေက တစ်ချက်ချက်နဲ့ပြန်လှုပ်လာသည်

* ငါ့ရဲ့ အိမ်မက်က  စာရေးဆရာတစ်ယောက်ဖစ်ချင်ဖို့နဲ့ ကိုကိုနဲ့ အတူပျော်ပျော်ရွှင်ရွှင်နေရဖို့ပါပဲ 

My Author (complete)Where stories live. Discover now