uni

18K 1.4K 271
                                    

ဖုန်းလာနေတာနဲ့ အချစ်ဆုံး Author လေးနဲ့ စာပို့တာတောင်လွတ်သွားတယ်ကွာ ဆင်းသွားပြီးလားမသိဘူး 

ဆိုတဲ့ စိတ်နဲ့ကမန်းကတမ်းcomputer ရှေ့ ပြေးထိုင်လိုက်တော့

"အာ သေပါပြီးကွာ ငါကဘာလို့ အဲ့မှာတို့လို့တန်းလန်းကြီးလဲ
ချီးပဲ "

နာမည်မိတ်ဆက်ရမဲ့အခွင့်ရေးကိုကွာလွဲရတယ်လို့ ဒါမဲ့ ပို့ထားလိုက်မယ်လေ  ဆင်းသွားရင်လဲ မနက်ဖြန်ဝင်ကြည့်ရင်သိမှာပဲ ဆိုတဲ့မျှော်လင့်ချက်နဲ့ ကျွန်တော်ပို့ထားခဲ့လိုက်သည်ဒီလိုနဲ့ ကျွန်တော်လဲအိပ်စက်ခြင်းဆီသို့.....

....May 8 ,2021 ........

" မေမေ သားကျောင်းသွားပြီးနော် "

" အေးသားလေး ပေါက်စီ ယူသွားအုန်းဒီမှာအမေထည့်ပေးထားတယ် ပြီးရင်သားသူငယ်ချင်းအတွက်ပါအမေပိုထည့်ထားတယ်သား "

မေမေက  ကျန်းချန်နဲ့ဝမ်နင်းအတွက်ပါထည့်ပေးလိုက်တာပဲ ဘယ်လိုလုပ်သိတာပါလိမ့်တစ်ခါမှလဲ မပြောဖူးဘဲနဲ့ ထားလိုက်ပါတော့ ဒီကောင်တွေသေချာပေါက်မေမေ့လက်ရာကိုစွဲသွားမှာပဲ

" ကျေးဇူးတင်ပါတယ်မေမေ သားကျောင်းရောက်ရင် ဟိုနှစ်ကောင်ကိုပေးလိုက်မယ် "

ပြောတော့ မေမေကချက်ချင်းကြီး

" ဘယ်ကနှစ်ကောင်လဲ မေမေက ရိပေါ်အတွက်ထည့်ပေးထားတာ "

တဲ့လေ အိန်း မေမေကတော့ ဘာလိုတစ်ရိပေါ်မှ ရိပေါ် ဖစ်နေလဲမသိဘူး ငါက ဒီပေါက်စီနှစ်လုံးကို သူ့ကိုသွားပေးရမှာလား ဟူး းး

Xiao Zhanလဲ သက်ပြင်းချကာ ကျောင်းသို့ထွက်လာခဲ့လိုက်သည်

ကျောင်းဝကိုရောက်ရောက်ချင်းမှာပဲ

" ကောကော ရေ ဒီလက်ကမ်းစာစောင်လေးကို ယူသွားပေးပါနော် "

ကောင်မလေးတစ်ယောက်က ကျွန်တော့်ကိုလက်ကမ်းစာစောင်လေးယူသွားပေးပါဆိုလို့ ကျွန်တော်လဲယူကာ အခန်းထဲသို့ဝင်လာခဲ့သည် ဘာမှန်းတော့ သေချာမကြည့်လိုက်ပေ
အခန်းထဲရောက်တော့မှ လက်ကမ်းစာစောင်လေးကို ကြည့်လိုက်တော့

My Author (complete)Where stories live. Discover now